ဇော်ဂျီ(၂) ရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံ (Zawgyi-2 Hydropower Station)

Posted by MOEP (1)

ဇော်ဂျီ(၂) ရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံ

* ဇော်ဂျီ(၂) ရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် အတွင်းတွင် တည်ရှိပါသည်။ ၁၉၉၅ ခုနှစ်၊စက်တင်ဘာလ၊ (၂၅) ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး၊ ၁၉၉၈ ခုနှစ် အောက်တိုဘာ (၁၄) ရက်နေ့တွင် ဓါတ်အား စတင်ထုတ်လုပ်ခဲ့ပါသည်။ ၂၀၀၀ ပြည့်နှစ် မတ်လ (၁၆)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ ကုန်ကျငွေ စုစုပေါင်းမှာ ပြည်တွင်းငွေ(ကျပ်) (၄၅၀) သန်းနှင့် နိုင်ငံခြားငွေ(အမေရိကန် ဒေါ်လာ) (၁၈) သန်း ဖြစ်ပါသည်။ စက်တတ်ဆင် စွမ်းအားမှာ (၁၂) မဂ္ဂါဝပ် ဖြစ်ပြီး၊ နှစ်စဉ် ကီလိုဝပ် နာရီသန်းပေါင်း (၃၀) ထုတ်လုပ်လျက်ရှိပါသည်။

previous home