အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနား ကျင်းပ

Posted by MOEP (1)

(နေပြည်တော် ဇူလိုင် ၁၉၊ ၂၀၁၀ခုနှစ်)

  • အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၅ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနရုံး မျက်နှာစာ ရုံးပတ်ဝန်းကျင်နှင့် ဆည်များ၌ကျင်းပရာ အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီးဦးဇော်မင်း၊ ဒုတိယ၀န်ကြီး ဦးမျိုးမြင့်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ၀န်ထမ်းများ တက်ရောက်ကြသည်။
  • ရှေးဦးစွာ ၀န်ကြီး ဦးဇော်မင်း၊ ဒုတိယ၀န်ကြီး ဦးမျိုးမြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများက သတ်မှတ်နေရာတို့၌ အထိမ်းအမှတ် ကံ့ကော်ပင်များကို စိုက်ပျိုးပေးကြသည်။
  • ထို့နောက်ဝန်ကြီး၊ ဒုတိယ၀န်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများသည် ၀န်ထမ်းများ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
  • ယနေ့ ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ သရက်၊ ပိန္နဲ၊ ပိတောက်၊ ရေတမာ၊ မဟော်ဂနီ၊ အုန်း အစရှိသည့် အရိပ်ရပင်၊ နှစ်ရှည်ပင်နှင့် စားပင်၊ သီးပင်ပေါင်း ၃၁၅၀ ကို စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။
  • ဆက်လက်၍ ၀န်ကြီး၊ ဒုတိယ၀န်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ၀န်ထမ်းများသည် ပိတောက်မြောင်တမံ(၃) အနီး၌ ကျင်းပသော အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၁၀ ခုနှစ် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး ပိတောက်မြောင်တမံ(၃)အတွင်းသို့ ငါးမြစ်ချင်း သားပေါက် ၂၀၀၀၀၊ ငါးခုံးမသားပေါက် ၂၀၀၀၀နှင့် ငါးကြင်းရွှေဝါသားပေါက် ၁၆၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၅၆၀၀၀ ကိုမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Table of Content

Posted by MOEP (1)


တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာ ၀မ်ကြားပေါင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ

Posted by MOEP (1)

(ရန်ကုန် ဇွန် ၂၊ ၂၀၁၀ခုနှစ်)

  • ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာ ၀မ်ကြားပေါင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၌ ချစ်ကြည်ရေးခရီး လည်ပတ်ရန် ယနေ့ ၃နာရီ ၅မိနစ်တွင် ရန်ကုန်မြို့သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိလာရာ ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးဥာဏ်ဝင်း၊ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဦးဇော်မင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးအောင်သိန်းလင်း၊ သာသနာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး သူရ ဦးအောင်ကို၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာယဲ့တာပိုနှင့် သံရုံးမှ တာဝန်ရှိသူများနှင့် မိသားစုများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက် ကြသည်။
  • ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာဝမ်ကြားပေါင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီးဦးဇော်မင်းနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီး မစ္စတာယဲ့တာပိုတို့ လိုက်ပါလျက် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်(၁) အခြေခံ ပညာ အလယ်တန်းကျောင်းသို့ ရောက်ရှိရာပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်မျိုးမင်း နှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုကြသည်။
  • ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ်မစ္စတာဝမ်ကြားပေါင် ဦးဆောင်သောချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းရှိ ပန်းချီခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ၏ ပန်းချီလက်ရာမွန်များကို ကြည့်ရှုအားပေးကြရာ ကျောင်းသား၊ ကျောင်းသူလေးများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ်မစ္စတာဝမ်ကြားပေါင်ထံ ပန်းချီကားချပ်ကို အမှတ်တရလက်ဆောင် အဖြစ်ပေးအပ်ကြသည်။
  • ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာဝမ်ကြားပေါင် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ကျောင်းဧည့်ခန်းမ၌ အဋ္ဌမတန်းကျောင်းသူ မနှင်းအိနြေ္ဒလင်းက ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း၏ သတင်းအချက်အလက်အကျဉ်းကို ရှင်းလင်းတင်ပြသည်။
  • ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် မစ္စတာဝမ်ကြားပေါင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူလေးများ၏ မြန်မာ့ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်မှုတို့ကို ကြည့်ရှုအားပေးကြပြီး စုပေါင်း၍မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
  • ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာဝမ်ကြားပေါင် အမှာစကား ပြောကြားပြီး ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းအတွက် လှူဒါန်းသည့် ကွန်ပျူတာများစာရင်းကိုပေးအပ်ရာ ကျောင်းအုပ် ဆရာမကြီးဒေါ်စောယုခင်က လက်ခံသည်။
  • ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်မျိုးမင်းက ကျေးဇူးတင် စကားပြောကြားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာ ၀မ်ကြားပေါင်အား ကျောက်စိမ်းပန်းချီကားကို အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်သည်။
  • ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာဝမ်ကြားပေါင် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် ရွှေတိဂုံစေတီတော်သို့ ရောက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ်မစ္စတာဝမ်ကြားပေါင်က စေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်းရှိ ဧည့်သည်တော် မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးကာ စေတီတော်မြတ်ကြီးအား ပန်းများဆက်ကပ်လှူဒါန်းသည်။
  • ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာ ၀မ်ကြားပေါင်သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ သာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး သူရဦးအောင်ကိုက လက်ခံပြီးရွှေတိဂုံစေတီတော် ပုံတော်ကို ဓမ္မဒါနအဖြစ် ပြန်လည်ပေးအပ်သည်။
  • ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာဝမ်ကြားပေါင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် စေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ် လှည့်လည်ကြည်ညိုကြပြီး စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
  • ညပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာဝမ်ကြားပေါင် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ ဆီဒိုးနားဟိုတယ်၌ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာယဲ့တာပို ဦးဆောင်သော သံရုံးဝန်ထမ်းများ၊ ပညာသင်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများအား တွေ့ဆုံသည်။

EP No. 1 Minister receives Thai Ambassador

Posted by MOEP (1)

(NAY PYI TAW, 28 May, 2010)

* Minister for Electric Power No. 1 U Zaw Min received Thai Ambassador to the Union of Myanmar Mr. Apirath Vienravi at his office here yesterday morning.

* Also present at the call were departmental heads and officials concerned of the departments and enterprises under the ministry.

Chinese corporation, local company to implement Mawlaik hydropower, Kalewa coal-fired thermal power plant projects

Posted by MOEP (1)

(NAY PYI TAW, 28 May, 2010)

* A signing ceremony of MoU among Department of Hydropower Planning Department under the Ministry of Electric Power No. 1, China Guodian Corporation of the People’s Republic of China and Tun Thwin Mining Co., Ltd for the development of Mawlaik hydropower project and Kalewa coal-fired thermal power plant project was held at the meeting hall of the ministry, here, yesterday.

* Minister for Electric Power No. 1 U Zaw Min, Minister for National Planning and Economic Development U Soe Tha, Attorney-General U Aye Maung, directors-general, managing directors, officials and responsible persons of China Guodian Corporation and Tun Thwin Mining Co Ltd attended the ceremony.

* After making an opening speech by Minister U Zaw Min, the Executive Vice-President of the Chinese company expressed thanks for the signing ceremony.

* Director-General U Kyee Soe of the Hydropower Planning Department, Executive Vice-President Mr. Mi Shuhua of Chinese company and Chairman U Thein Tun of Tun Thwin Mining Co Ltd signed MoUs and exchanged the notes. They later had a documentary photo taken.


အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း၏ ကွန်ကရစ် လုပ်ငန်း ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

Posted by MOEP (1)

(နေပြည်တော် ဧပြီ ၃၀)

* အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာန၊ ရေအား လျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနနှင့် ဂျပန်နိုင်ငံ NEWJEC Inc. တို့ In House Engineering Services အတွက် Agreement of Consulting Services လက်မှတ်ရေးထိုးခြင်းနှင့် Hight Tech Concrete Technology Co., Ltd. တို့ အထက်ရဲရွာ ရေးအား လျှပ်စစ် စီမံကိန်း၏ ကွန်ကရစ် လုပ်ငန်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန အစည်းအဝေး ခန်းမ ၌ ကျင်းပသည်။
* အဆိုပါ အခမ်းအနားသို့ အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဦးဇော်မင်း၊ ဒုတိယ ၀န်ကြီး ဦးမျိုးမြင့်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံ NEWJEC Inc. မှ President and Director Mr. Masaki MATSUMOTO နှင့် အဖွဲ့ဝင်များ Hight Tech Concrete Technology မှ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
* ရှေးဦးစွာ အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာန ရေအား လျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇော်နှင့် ဂျပန်နိုင်ငံ NEWJEC Inc. မှ Director and General Manager Mr. Yukao TANAKA တို့သည် ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် Agreement of Consulting Services အတွက် စာချုပ်ကို လက်မှတ်ရေးထိုးကြပြီး အပြန်အလှန် လဲလှယ်ကြသည်။
* ထို့နောက် အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း၏ ကွန်ကရစ် လုပ်ငန်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ရေအား လျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇော်နှင့် Hight Tech Concrete Technology Co., Ltd. မှ တာဝန်ရှိသူတို့သည် နားလည်မှု စာချွန်လွှာများကို လက်မှတ်ရးထိုးကြပြီး အပြန်အလှန် လဲလှယ်ကြကာ စုပေါင်း၍ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကြကြောင်း သတင်းရရှိသည်။


Hydropower Implementation Department, NEWJEC, HTCT Co Ltd sign agreement of Consulting Services, Memorandum of Understanding

Posted by MOEP (1)

(NAY PYI TAW, 30 April)


* A signing ceremony between Hydropower Implementation Department under the Ministry of Electric Power No. (1) and NEWJEC Inc of Japan took place at the ministry here this morning.

* Also present at the ceremony were Minister for Electric Power No. (1) U Zaw Min, Deputy Minister U Myo Myint, departmental heads, official concerned, President and Director Mr Masaki Matsumoto and members of NEWJEC Inc, Chairman of High Tech Concrete Technology Co Ltd and Officials.

* On the occasion, Director -General U Myint Zaw of Hydropower Implementation Department under the ministry and Director and General Manager Mr Yukao Tanaka of NEWJEC Inc signed the contracts on Agreement of Consulting Services for In-House Engineering Services.

* Memorandum of Understanding on tasks of concrete of Upper Yeywa Hydropower Project was signed by HID and High Tech Concrete Technology Co Ltd. Afterwards, Director-General U Myint Zaw and responsible persons of the campanies posed for documentary photo.


EP-1 Minister receives Vice President of China Guodian Corporation

Posted by MOEP (1)

(NAY PYI TAW, 30 April)

* Minister for Electric Power No.1 U Zaw Min received Mr. Gao Song, Vice President of China Guodian Corporation of the People’s Republic of China, and party at the ministry here yesterday.

* The meeting focused on cooperation.

* Also present at the call were departmental heads of the departments and enterprises under the Ministry, General Manager Mr Li Hongyuan of Guodian Yunnan Power Co., Ltd from China, Chairman U Thein Tun of Tun Thwin Mining Co., Ltd and officials.

ဝန်ကြီး ဦးဇော်မင်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Guodian Corporation မှ Vice President နှင့် အဖွဲ့ လာရောက်တွေ့ဆုံ

Posted by MOEP (1)

(နေပြည်တော် ဧပြီ ၂၉၊ ၂၀၁၀ခုနှစ်)


  • အမှတ် (၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဦးဇော်မင်းအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ China Guodian Corporationမှ Vice President Mr. Gao Songနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ကြသည်။
  • ထိုသို့ တွေ့ဆုံရာတွင် ၀န်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Guodian Yunnan Power Co., Ltd. မှ General Manager, Mr. Li Hongyuan? Tun Thwin Mining Co., Ltd. ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

MoU on implementation of coal-fired Thermal power plant (Yangon) signed

Posted by MOEP (1)

(NAY PYI TAW, 13 Feb, 2010)
  • A ceremony to sign MoU on implementation of coal-fired Thermal power plant (Yangon) among Department of Hydro Power Planning under Ministry of Electric Power No.1, Htoo Group of Companies and Huaneng Lancang River Hydropower Co., ltd of the People’s Republic of China was held at the meeting hall of the Ministry here on 11 February.
  • It was attended by Minister for Electric Power No.1 Col Zaw Min, Minister for National Planning and Economic Development U Soe Tha, Attorney- General U Aye Maung, Deputy Minister for Electric Power No.1 U Myo Myint, heads of departments and officials concerned, chairman and officials of Htoo Group of Companies and president and officials of Huaneng Lancang River Hydropower Co., ltd. Minister Col Zaw Min made an opening speech on the occasion. Chairman U Teza of Htoo Group of Companies and president Mr Yuan Xianghua of Huaneng Lancang River Hydropower Co., ltd spoke words of thanks.
  • Afterwards, director-general U Gyi Soe of Hydro Power Planning Department, the chairman of Htoo Group of Companies and the president of Huaneng Lancang River Hydropower Co., ltd signed MoUs and exchanged documents. They had the documentary photo taken.

EP-1 Minister receives Vice-President of CPIC

Posted by MOEP (1)

(NAY PYI TAW, 9 Feb, 2010)
  • Minister for Electric Power No. 1 Col Zaw Min received Vice-President Mdm Zhang Xiaolu and party of China Power Investment Corporation (CPIC) of the People’s Republic of China at the ministry yesterday evening.
  • Also present at the call were departmental heads and officials.

ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲ လျှပ်စစ်(၁)၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း အမှာစကားပြောကြား

Posted by MOEP (1)

(နေပြည်တော် ဖေဖော်ဝါရီ ၈၊ ၂၀၁၀ခုနှစ်)
  • အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာန (ပေါင်းလောင်း) ၏ ကွန်ပျူတာ အခြေခံသင်တန်း အမှတ်စဉ်(၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဌာန သင်တန်းကျောင်းခန်းမဆောင်၌ ကျင်းပရာ အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးကြီးဇော်မင်း တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
  • အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ၀န်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းဌာနတို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူ ၃၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တလေးပတ် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

EP-1 Minister receives Chinese guests

Posted by MOEP (1)

(NAY PYI TAW, 28 Jan, 2010)

  • Minister for Electric Power No (1) Col Zaw Min received Chairman Mr. Feng Ke of Union Resources & Engineering Co. Ltd of the People’s Republic of China and party at his office here this morning.
  • Also present at the call were Deputy Minister U Myo Myint, the directors-general, the managing director and officials and Vice- Chairman Mr. Guan Yukun.

ဝန်ကြီး ဗိုလ်မှူးကြီးဇော်မင်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဧည့်အဖွဲ့တွေ့ဆုံ

Posted by MOEP (1)

(နေပြည်တော် ဇန်န၀ါရီ ၂၈၊ ၂၀၁၀ခုနှစ်)

  • အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းအား တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ Union Resources & Engineering Co., Ltd. မှ Chairman Mr. Feng Ke နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
  • ထိုသို့တွေ့ဆုံရာတွင် ဒုတိယ၀န်ကြီး ဦးမျိုးမြင့်၊ ၀န်ကြီးဌာနအောက်ရှိ ဦးစီးဌာန နှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ Union Resources & Engineering Co., Ltd. မှ Vice Chairman Mr. Guan Yukun နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိ သည်။

EP-1 Ministry, DUHD sign MoU on Hydropower projects

Posted by MOEP (1)

(NAY PYI TAW, 8 Jan, 2010)

  • Minister for Electric Power No. (1) Col Zaw Min received President Mr. Jiang Jianping of Datang (Yunnan) United Hydropower Developing Co., Ltd (DUHD) of the People’s Republic of China at the Ministry here yesterday.
  • Also present on the occasion were Deputy Minister U Myo Myint, Directors- General, Managing- Directors and officials of Departments and Corporations under the Ministry, Chief Economic Mr. Wu Jing and personnel of DUHD. At the meeting, the two sides discussed the matters related to hydropower projects in Myanmar.
  • After the meeting, the Hydropower Planning Department under the Ministry of Electric Power No.(1) and DUHD signed MoU at the ministry in the presence of Minister Col Zaw Min. The directorgeneral of the Hydropower Planning Department and Mr Wu Jing, Chief Economic of DUHD inked the MoU and exchanged the documents.
  • Also present at the signing ceremony were Minister for National Planning and Economic Development U Soe Tha, Minister for Finance and Revenue Maj-Gen Hla Tun, Attorney- General U Aye Maung, deputy ministers, directors-general, managing directors of the departments under the ministry, President Mr Jiang Jiangping of DUHD and officials concerned.

EP No.1 Minister receives President of China Power Investment Corporation (CPI)

Posted by MOEP (1)

(NAY PYI TAW, 24 Dec)

* Minister for Electric Power No.1 Col Zaw Min received President Mr Lu Qi Zhou of China Power Investment Corporation (CPI) of the People’s Republic of China and party at the meeting hall of the ministry here on 20 December.

* The two sides discussed the matters on cooperation and investment in Maykha- Malikha Basin Hydropower project and Ayeyawady Confluence Hydropower Project.

Refresher Course for Assistant Engineers commences

Posted by MOEP (1)

(NAY PYI TAW, 30 Nov, 2009)

  • Minister for Electric Power No (1) Col Zaw Min addressed the opening of Refresher Course for Assistant Engineers at the training school of hydropower development (Paunglaung) under the ministry this morning.
  • The 5-week course is being attended by 30 Assistant Engineers; 14 AEs (Mechanical) and 16 AEs (Electrical) from the power plants under the Hydropower Department.

Electric Power No. 1 Minister receives Chinese guests

Posted by MOEP (1)

(NAY PYI TAW, 14 Nov)

* Minister for Electric Power No. 1 Col Zaw Min received Executive Vice-Chairman Mr Wang Yongxiang and party of Huaneng Lancang River Hydropower Co Ltd of the People’s Republic of China at the Ministry of Electric Power No. 1, here, on 12 November evening.

* They discussed cooperation in implementation of Shweli-2 hydropower project.

* A ceremony to sign the MoU on Shweli-2 hydropower project jointly implemented by Hydropower Administration Department under the Ministry of Electric Power No. 1, Huaneng Lancang River Hydropower Co Ltd of China and Asia World Co Ltd was held at the hall of the ministry.

* Minister Col Zaw Min delivered an address. The Executive Vice- Chairman and Managing Director U Tun Myint Naing spoke words of thanks.

* The Director-General of Hydropower Administration Department and Executive Vice-President Mr Huang Gguangming signed the MoU and exchanged notes.

* Also present on the occasion were Minister for National Planning and Economic Development U Soe Tha, Minister for Electric Power No. 2 Maj-Gen Khin Maung Myint, Attorney- General U Aye Manug, Deputy Minister U Myo Myint, departmental heads and officials.

ဖွဲ့စည်းမှုနှင့် ရည်ရွယ်ချက်

Posted by MOEP (1)

*   နိုင်ငံတော်၏ စီပွားရေး နိုင်ငံတော်တည်ဆောက်ရေးနှင့် လုပ်ငန်းကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးတို့ အားထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် အတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီသည် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို အမိန့်ကြေညာစာ အမှတ် (၅/၂၀၀၆)ဖြင့် (၁၅-၅-၂၀၀၆) ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးအပ် ခဲ့ပါသည်။ ရည်မှန်းချက်တာဝန်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အတွက် ဝန်ကြီးဌာန၏ လက်အောက်တွင် ရေအားလျှပ်စစ်စီမံရေးဦးစီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော် ရေးဦးစီးဌာနနှင့် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း အစရှိသည့် ဦးစီးဌာနနှင့် လုပ်ငန်းဌာနများအား ဖွဲ့စည်းထားရှိခဲ့ပါသည်။ ဝန်ကြီးဌာန၏ ရေရှည်ရည်မှန်းချက်တာဝန် (၄)ရပ်မှာ အောက်ပါ အတိုင်းဖြစ်ပါသည်။
  • (က) သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများအား ကာလတိုအဖြစ် ရည်မှန်း ဆောင်ရွက်လုပ်ကိုင်ရန်နှင့် ရေအားလျှပ်စစ်ကို အဓိကစွမ်းအင် အရင်းအမြစ်အဖြစ်မှီခို အားထားဆောင်ရွက် သွားရန်။
  • (ခ)     စီးပွားရေး ဖွဲ့ဖြိုးတိုးတက်ရန်အတွက် လျှပ်စစ်ဓာတ်အား ပိုမိုရရှိစေရန် ထုတ်လုပ်ဖြန့်ဖြူးရန်။
  • (ဂ) အနာဂတ်တွင် လျှပ်စစ်ဓာတ်အား လုံလောက်မှုရှိစေရန်အတွက် လျှပ်စစ်ဓာတ်အား လေလွင့်မှုများ လျှော့ချရန်နှင့် ထိန်းသိမ်းရန်။
  • (ဃ) စွမ်းအင် အရင်းအမြစ်အသစ်များနှင့် ပြန်လည်ပြည့်ဖြိုးမြဲ အရင်းအမြစ်များမှတဆင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု တိုးမြှင့်သွားရန်။


EP No. 1 Minister receives CDOI President of PRC

Posted by MOEP (1)

(YANGON, 25 Sept, 2009)
  • Minister for Electric Power No.1 Col Zaw Min received President Mr Wujing of China Datang Overseas Investment Co., Ltd (CDOI) from the People's Republic of China and party at the ministry in Nay Pyi Taw this morning.
  • Also present at the call were were Deputy Minister U Myo Myint and depart-mental heads.

previous home