PM inspects Yeywa Hydropower Project

Posted by MOEP (1)

(NAY PYI TAW, 11 July,2010)
  • Prime Minister U Thein Sein, accompanied by Chairman of Mandalay Division Peace and Development Council Commander of Central Command Maj- Gen Tin Ngwe, ministers and heads of department visited Yeywa Hydropower Project in PyinOoLwin Township, Mandalay Division, yesterday morning.
  • The project is being undertaken by the Hydropower Department under the Ministry of Electric Power N0(1).
  • From the view deck, the Prime Minister inspected the inflow of water into the dam, diversion weir, outfall channel, spillway, power house and switchyard.
  • He viewed the process of installing electric turbines Nos (3) and (4).
  • The Prime Minister inspected the control room of the power house. Managing Director U Khin Maung Win of the department reported on facts about the generation process and system.
  • At the briefing hall, the Prime Minister observed the scale model of the project. Minister for Electric Power No.1 U Zaw Min reported on work progress, ongoing programmes, finishing touches, inflow of water into the dam, installation of parts of Nos (3) and (4) generators, and generation of hydropower by Nos (1) and (2) generators.
  • The Prime Minis-ter instructed officials to take preparedness against natural disasters, and preventive measures against possible dangers due to human activities. He called for bringing about experts of new generations, and worksite safety.
  • The Prime Minister gave fruit baskets to foreign and national experts.
  • Yeywa Hydropower Project was launched in 2001-2002 fiscal year. Now, it has been completed by 96.45 per cent.

နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန် ရဲရွာရေအားလျှပ်စစ်စီမံကိန်း လှည့်လည်ကြည့်ရှုစစ်ဆေး

Posted by MOEP (1)

(နေပြည်တော် ဇူလိုင် ၁၁၊ ၂၀၁၀ခုနှစ်)
  • နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်သည် မန္တလေးတိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်တင်ငွေ၊ အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလျက် ဇူလိုင် ၁၀ရက် နံနက်ပိုင်းတွင် မော်တော်ယာဉ်များဖြင့် မန္တလေးမြို့မှ ထွက်ခွာလာပြီး နံနက် ၉နာရီ ၄၅မိနစ်တွင် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ရှိ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရဲရွာရေအား လျှပ်စစ်စီမံကိန်းသို့ ရောက်ရှိ သည်။
  • ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် ရဲရွာရေအားလျှပ်စစ်စီမံကိန်း ပင်မတမံရှုရပ်မှ ရေလှောင်ကန်အတွင်း ရေ၀င်ရောက်မှု အခြေအနေ၊ ရေလွှဲတမံ၊ စက်ရုံရေထုတ်မြောင်း၊ ရေပိုလွှဲ၊ ဓာတ်အားပေးစက်ရုံနှင့် Switchyard တို့ကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် နိုင်ငံတော် ၀န်ကြီးချုပ်သည် ဓာတ်အားပေးစက်ရုံ (Power House) အတွင်း စက်အမှတ်(၃)နှင့် စက်အမှတ်(၄)တို့၏ ရေအားလျှပ်စစ်တာဘိုင် စက်အစိတ်အပိုင်းများ တပ်ဆင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။
  • ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဓာတ်အားပေးစက်ရုံ၏ ထိန်းချုပ်ခန်း (Control Room) အတွင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ဓာတ်အားထုတ်လုပ်မှု အခြေအနေနှင့် ဓာတ်အားထုတ်လုပ်မှု စနစ်တို့ကို ရှင်းလင်းတင်ပြသည်။
  • ထို့နောက် စက်ရုံရှင်းလင်းဆောင်၌ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဦးဇော်မင်းက စီမံကိန်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာတွင် ပြီးစီးပြီးလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများ အချောသပ်ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ ရေလှောင်ကန်အတွင်း ရေ၀င်ရောက်မှုအခြေအနေ၊ အမှတ်(၃)နှင့် အမှတ်(၄)ဂျင်နရေတာ၏ အစိတ်အပိုင်းများ တပ်ဆင်မှုအခြေအနေ၊ ယခုအခါ စက်အမှတ်(၁)နှင့် စက်အမှတ်(၂)တို့မှ ဓာတ်အားများ ထုတ်လုပ်နေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
  • ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က လုပ်ငန်းပမာဏကြီးမား၍ ငွေကြေးမြောက်မြားစွာ ကုန်ကျခံပြီး အချိန်ကာလကြာ တည်ဆောက်ထားသည့် လုပ်ငန်းဖြစ်သဖြင့် သဘာဝ ဘေးအန္တရာယ်နှင့် လူကြောင့်ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်တို့မှ ကြိုတင်ကာကွယ်ရေး အစီအမံများကို စနစ်တကျ ဆောင်ရွက်သွားရန်၊ သက်ဆိုင်ရာလုပ်ငန်းများအလိုက် အရှိန်အဟုန် မပျက် ဆောင်ရွက်နိုင်မည့် မျိုးဆက်သစ်ပညာရှင်များအား မွေးထုတ်သွားရန်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး ဂရုပြုဆောင်ရွက်သွားရန် မှာကြားသည်။

PM inspects Yeywa Hydropower Project

Posted by MOEP (1)

(NAY PYI TAW, 11 July,2010)
  • Prime Minister U Thein Sein, accompanied by Chairman of Mandalay Division Peace and Development Council Commander of Central Command Maj- Gen Tin Ngwe, ministers and heads of department visited Yeywa Hydropower Project in PyinOoLwin Township, Mandalay Division, yesterday morning.
  • The project is being undertaken by the Hydropower Department under the Ministry of Electric Power N0(1).
  • From the view deck, the Prime Minister inspected the inflow of water into the dam, diversion weir, outfall channel, spillway, power house and switchyard.
  • He viewed the process of installing electric turbines Nos (3) and (4).
  • The Prime Minister inspected the control room of the power house. Managing Director U Khin Maung Win of the department reported on facts about the generation process and system.
  • At the briefing hall, the Prime Minister observed the scale model of the project. Minister for Electric Power No.1 U Zaw Min reported on work progress, ongoing programmes, finishing touches, inflow of water into the dam, installation of parts of Nos (3) and (4) generators, and generation of hydropower by Nos (1) and (2) generators.
  • The Prime Minis-ter instructed officials to take preparedness against natural disasters, and preventive measures against possible dangers due to human activities. He called for bringing about experts of new generations, and worksite safety.
  • The Prime Minister gave fruit baskets to foreign and national experts.
  • Yeywa Hydropower Project was launched in 2001-2002 fiscal year. Now, it has been completed by 96.45 per cent.

Electric Power No. 1 Minister visits Yeywa Hydropower Project

Posted by MOEP (1)

(NAY PYI TAW, 27 June)
  • Minister for Electric Power No. 1 U Zaw Min accompanied by personnel concerned yesterday visited Yeywa Hydropower Project near Yeyaman Village about 31 miles from the south-east of Mandalay.
  •  The project is being implemented by Construction Group No. 2. The minister heard reports on progress of the work and gave necessary instructions.

ဝန်ကြီး ဦးဇော်မင်း ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း၌ ကြည့်ရှု စစ်ဆေး

Posted by MOEP (1)

(နေပြည်တော် ဇွန် ၂၇၊ ၂၀၁၀ခုနှစ် )

  •  အမှတ် (၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီးဦးဇော်မင်းသည် တာဝန်ရှိသူများလိုက်ပါ လျက် ဇွန် ၂၆ရက် နံနက်ပိုင်းတွင် မန္တလေးမြို့၏အရှေ့တောင်ဘက် ၃၁မိုင်ခန့်အကွာ ရဲယမန်းရွာအနီး အမှတ်(၂) တည်ဆောက်ရေးက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိပြီး တမံအတွင်း ရေ၀င်ရောက်နေမှုနှင့် ရေသိုလှောင် ထားရှိမှု၊ ဖိအားမြှင့် သံမဏိပိုက်လိုင်းများ တပ်ဆင်ပြီးစီးမှုနှင့် ကွန်ကရစ်သွန်းလောင်းပြီးစီးမှု၊ ဓတ်အားပေး စက်ရုံတည်ဆောက်ပြီးစီးမှု Decoration Work များ ဆောင်ရွက်ပြီးစီးမှုနှင့် Tailrace Channel & Switchyard Slope Protection လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ပင်မတမံပေါ်မှ ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြပြီး ၀န်ကြီးက လိုအပ်သည်များ မှာကြားခဲ့သည်။
  •  ဆက်လက်၍ ဓာတ်အားပေးစက်ရုံ အတွင်း၌ အမှတ်(၁)စက်မှ ဓာတ်အားထုတ်လွှတ် မောင်းနှင်နေမှု အခြေအနေနှင့် အမှတ်(၂)စက် ဓာတ်အားထုတ်လွှတ် မောင်းနှင်နိုင်ရန်အတွက် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ အမှတ်(၃)စက်အတွက် Rotor လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် အမှတ်(၄) စက်အတွက် Stator လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
  • ထို့နောက် ၀န်ကြီးသည် အမှတ်(၁)စက် Turbine လည်ပတ်မောင်းနှင်နေမှုနှင့် အမှတ်(၂)စက် Control Room တပ်ဆင်ပြီးစီးမှု အခြေအနေ တို့ကိုလည်းကောင်း၊ Control Room Computer System ဖြင့် ဓာတ်အားပို့လွှတ်မှု အခြေအနေနှင့် ဓာတ်အားပေးစက်ရုံ Decoration Workများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
  • ဆက်လက်၍ စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ တည်ဆောက်ရေး ညွှန်ကြားရေးမှူး ဦးနေမျိုးဝင်းက စီမံကိန်း၏ ပင်မတမံလုပ်ငန်း၊ ရေယူအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်း၊ ရေလွှဲဥမင်လိုဏ် အ၀င်ပိုင်းနှင့်အထွက်ပိုင်းလုပ်ငန်းများ၊ ရေပိုလွှဲ တည်ဆောက်ပြီးစီးမှုနှင့် ဖိအားမြှင့် သံမဏိပိုက်လိုင်းများ တပ်ဆင်ပြီးစီးမှု၊ ကွန်ကရစ်သွန်းလောင်းပြီးစီးမှုနှင့် ဓာတ်အားပေးစက် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ စက်ရုံရေထုတ်မြောင်း ဖောက်လုပ်ခြင်းလုပ်ငန်းနှင့ှ်Switchyard တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပုံ အဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြသည်။
  • ယင်းနောက် ခေတ္တဦးဆောင်ညွှန်ကြားရေးမှူးနှင့် စက်ရုံမှူးတို့က အမှတ်(၁)စက်မှ ဓာတ်အား စတင်ထုတ်လွှတ်ချိန်မှ ယနေ့အထိ ဓာတ်အားထုတ်လွှတ်ပေးနိုင်သည့် အခြေအနေများနှင့် အမှတ်(၂)စက်မှ မကြာမီ ဓာတ်အားထုတ်လွှတ်ပေးနိုင်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြကြရာ ၀န်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး စက်အစိတ်အပိုင်းများ စနစ်တကျနှင့် အချိန်မီပြီးစီးအောင် တပ်ဆင်ရေးတို့ကို တာဝန်ရှိသူများအား အသေးစိတ် မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း ၀န်ကြီး ဦးဇော်မင်း ကြည့်ရှုစစ်ဆေး

Posted by MOEP (1)

(နေပြည်တော် မေ ၁၀၊ ၂၀၁၀ခုနှစ်)

* အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီးဦးဇော်မင်းသည် မေ ၉ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့ အရှေ့တောင်ဘက် ၃၁ မိုင်ခန့်အကွာ ရဲ-ယမန်းရွာအနီးရှိ ရဲရွာရေအားလျှပ်စစ်  စီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း တမံယာဘက်ကမ်း ရှုရပ်မှနေ၍ Spillway လုပ်ငန်းဆောင်ရွက်ပြီးစီးမှု Switchyard Protection Wall လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လည်းကောင်း၊ ပင်မတမံပေါ်သို့ ရောက်ရှိပြီး တမံအတွင်း ရေ၀င်ရောက်နေမှုနှင့် ရေသိုလှောင်ထားရှိမှု အခြေအနေတို့ကို လည်းကောင်း Tailrace Channel & Training Wall လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကိုလည်းကောင်း၊ မြစ်အထက်ပိုင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

* ထို့နောက် တမံဝဲဘက်ကမ်းမှနေ၍ စီမံကိန်းလုပ်ငန်းခွင်အတွင်းရှိ ပင်မတမံ တည်ဆောက် ပြီးစီးမှု၊ ဖိအားမြှင့်သံမဏိပိုက်လိုင်း တပ်ဆင်ပြီးစီးမှုနှင့် ဓာတ်အားပေးစက်ရုံ Decoration လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

* ယင်းနောက် ဓာတ်အားပေးစက်ရုံအတွင်း Unit No. (1), Machine Bay လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် Unit No.(2), Unit No. (3), Unit No. (4) တို့အား စက်မှုလျှပ်စစ်တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ အမှတ်(၁)စက်မှ ဓာတ်အားပို့လွှတ်နေမှုကိုလည်းကောင်း၊ ဓာတ်အားပေး စက်ရုံအတွင်း Decoration Workများ ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း၊Tailrace Channel မှ ရေထုတ်လွှတ်မှု အခြေအနေ တို့ကို လည်းကောင်း ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းမှ

Posted by MOEP (1)



* တာဘိုင် အမှတ်(၁) လျှပ်စစ် ဓာတ်အား စမ်းသပ် ထုတ်လုပ်ပြီ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးသည် ကုန်ထုတ်လုပ်မှု မောင်းနှင်အား အပေါ် မူတည်လျက် ရှိသည်။ မောင်းနှင်အား လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် ဖြန့်ဝေပေးနိုင်သည်နှင့်အမျှ စက်ရုံ၊အလုပ်ရုံများကစက်စွမ်းအားအပြည့်အဝ လည် ပတ်နိုင်ပြီး ကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတိုင်းတွင် လျှပ်စစ်ဓာတ်အား နှင့် ဓာတ်ငွေ့အလုံအလောက်ရရှိအောင် ဆက်သွယ်ကြိုး ပမ်းနေကြခြင်းဖြစ်သည်။
* မြန်မာနိုင်ငံတွင်လည်း မြစ်ချောင်းရေ သယံဇာတ ပေါများသည့် အလျှောက် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး အတွက် ရေလှောင်တမံ ဘက်စုံ စီမံကိန်းကြီးများ တည်ဆောက်ကာ နှစ်ရှည်စီမံကိန်းဖြင့် ဆောင်ရွက် အကောင်အထည် ဖော်လျက်ရှိရာ ရေအားလျှပ်စစ် စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် အသုံးပြုလျက် ရှိနေသည်။ အထူး စီမံကိန်းကြီးများ ချမှတ်ပြီးလည်း အကောင်အထည်ဖော် တည်ဆောက်လျက် ရှိသည်။
* ယင်းတို့အထဲတွင် မန္တလေးမြို့၏ အရှေ့တောင်ဘက် (၃၁)မိုင်ကွာ ရဲရွာရေအား လျှပ်စစ်စီမံကိန်းကြီးလည်း တစ်ခုအပါအဝင် ဖြစ်သည်။ ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် မြစ်ငယ်မြစ်(ဒုဋ္ဌဝတီမြစ်)အပေါ်တွင် တည်ဆောက်အကောင် အထည်ဖော်နေခြင်းဖြစ်သည်။ အရှေ့တောင်အာရှတွင် အကြီးဆုံးရေလှောင်တမံ ရေအားလျှပ်စစ်စီမံကိန်းတစ်ရပ်ဖြစ်သည်။ ဤမျှကြီးမားသည်ကို ရဲရွာရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်အတွင်း ရောက်ရှိ မြင်တွေ့ရမှသာ ကောင်းစွာ သိရှိနိုင်မည်ဖြစ်သည်။
* မန္တလေးမှသွားလျှင် ပြင်ဦးလွင်လမ်း ကျောက်ချော အရောက်တွင် လမ်းညာဘက်၌ စီမံကိန်းဆိုင်းဘုတ်တွေ့ရမည် ဖြစ်သည်။ ကျောက်ချောရွာအတိုင်း မောင်းနှင်လာလျှင် ရွာမှလွန်သော် အုတ်ခင်းလမ်း တွေ့ရမည်ဖြစ်သည်။ ထိုလမ်းအတိုင်းလိုက်လာပါက ကျွဲနဖိုး တောင်များ ရှုခင်းအလှနှင့် ယှဉ်လျက် ကျောက်တောင်များကြားမှ လမ်းက ဖြူးဖြောင့်လျက်ရှိသည်။ ရဲရွာရေအား လျှပ်စစ်စီမံကိန်းစတင်မှ လမ်းတိုးတက် ကောင်းမွန်လာသည်။ လမ်းတစ်လျှောက် ဆီးခြံများလည်း တွေ့ရသလို ပဲမျိုးစုံယာခင်းများလည်း တွေ့ရသည်။
* ရဲရွာရေအားလျှပ်စစ်စီမံကိန်း မုခ်ဦးရောက်သောအခါ တောတောင်ရှုခင်းတွေက ဒုဋ္ဌဝတီမြစ်ညာ၏အလှကို ဖော်ပြလျက်ရှိသည်။ ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြီး တစ်ခုလုံး အပေါ် လှည့်လည်လေ့လာ ကြည့်ရှုနိုင်ရန် ကျောက်တောင် ကျောက်သားလမ်းဖောက်လုပ် ထားပြီး လှပစွာကြည့်ရှုခံစားနိုင်သည်။ တမံကြီးမှ အထက်ကြည့်လိုက်သော် ဒုဋ္ဌဝတီမြစ် ရေပြင်ကြီးသည် တောင်ထွတ်တောင်စွယ် တောင်များ အကြား၌ ပန်းချီရေးထိုးထားသလို လှပနေသည်။ တောတောင်၏ အစိမ်းရောင်၊ ရေ၏အစိမ်းရောင်တို့ဖြင့် ဆောင်းနှောင်းနွေ ရာသီသရုပ် ပေါ်လွင်လှသည်။ တောင်ကမ်းပါးယံ၌ ရဲရွာရေအားလျှစ်စစ် စီမံကိန်းဟူသော ဆိုင်းဘုတ်ကိုလည်း လှမ်းမြင်ရသည်။ တောင်ကိုကွေ့ပတ်ဆင်းရင်း ပင်မတမံကြီး မည်မျှ မြင့်မားကြောင်း အံ့မခန်းတွေ့ရသည်။
* လျှစ်စစ်ဓာတ်အားများထုတ်လုပ်ပေးသည့် ကြီးမားသော တာဘိုင်ကြီးများကိုလည်း တပ်ဆင်နေကြသည်။ ပင်မတမံတည်ဆောက်ခြင်း လုပ်ငန်း၊ ရေပိုလွှဲတည်ဆောက်ခြင်း လုပ်ငန်း၊ ရေယူအဆောက်အအုံလုပ်ငန်း၊ နှင့် ဓာတ်အားပေး စက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးနေပြီဖြစ်သည်။ ဖေဖော်ဝါရီလထဲတွင် တာဘိုင်အမှတ် (၁)မှ လျှပ်စစ်ဓာတ်အား စမ်းသပ်ထုတ်လုပ်နေပြီ ဖြစ်ရာ ဖေဖော် ဝါရီ (၂၁) ရက်နေ့က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ်က ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသော လုပ်ငန်းများကို လျာထားသတ်မှတ်ချိန် ပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားသည်။ ရဲရွာရေအားလျှပ်စစ်စီမံကိန်း တာဘိုင် (၄)လုံးအနက် တစ်လုံးမှ လျှပ်စစ်ဓာတ်အား စမ်းသပ်လည်ပတ်လျက်ရှိသည်။ လည်ပတ်၍ ထွက်ရှိသော ရေကို စက်ရုံရေထုတ်မြောင်းမှ တစ်ဆင့် ဒုဋ္ဌဝတီ မြစ်အတွင်းသို့ ထုတ်လွှတ်ပေးလျက်ရှိသည်။ ရဲရွာရေအားလျှပ်စစ် စီမံကိန်းသည် ရေယူအဆောက်အအုံလေးခု၊ ရေပိုလွှဲနှင့် တစ်လုံးလျှင် စက်တပ်ဆင် အင်အား (၁၉၇ ဒသမ ၅)မဂ္ဂါဝပ်ရှိသော တာဘိုင်နှင့် ဂျင်နရေတာ လေး လုံး တပ်ဆင်ထားသဖြင့် လျှပ်စစ်ဓာတ်အားစုစုပေါင်း မဂ္ဂါဝပ် (၇၉ဝ)ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။ ယခုအခါ တာဘိုင်အမှတ်(၁)မှ လျှပ်စစ်ဓာတ်အား စမ်းသပ်ထုတ်လုပ်နေပြီး ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို ဓာတ်အားဖြန့်ကွန်ရက်စနစ်သို့ ဖြည့်ဆည်း ဖြန့်ဖြူးပေးသွားမည် ဟုသိရသည်။

မောင်မျက်လုံး (မန်း)

http://www.snapshot-news.com/index.php?option=com_content&view=article&id=4016:2010-03-06-15-11-57&catid=270:vol2-no75&Itemid=120


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ရဲရွာရေအားလျှပ်စစ် စီမံကိန်း ကြည့်ရှုစစ်ဆေး တာဘိုင်အမှတ်(၁)မှ ဓာတ်အားစမ်းသပ်ထုတ်လုပ် ကျန်ရှိသောလုပ်ငန်းများ သတ်မှတ်ချိန်ပြီးစီးရေး မှာကြား

Posted by MOEP (1)

(နေပြည်တော် ဖေဖော်ဝါရီ ၂၂၊ ၂၀၁၀ခုနှစ်)
  • နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးသာအေး၊ အစိုးရအဖွဲ့အဖွဲ့ဝင်ဝန်ကြီးများ၊ စာရင်းစစ်ချုပ်၊ ဒုတိယ၀န်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲ၂နာရီတွင် နေပြည်တော်မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာလာခဲ့ကြရာ မန္တလေးမြို့၏ အရှေ့တောင်ဘက် ၃၁မိုင်အကွာ မြစ်ငယ်မြစ်ပေါ်၌ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေး ဦးစီးဌာန အမှတ်(၂)တည်ဆောက်ရေးက တာဝန်ယူ တည်ဆောက်လျက်ရှိသည့် ရဲရွာရေအားလျှပ်စစ် စီမံကိန်းသို့ ရောက်ရှိသည်။
  • နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား မန္တလေးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်ငွေ၊ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမျိုးမြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုကြသည်။
  • ရှေးဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်အား စီမံကိန်းရှင်းလင်းဆောင်၌ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းက ပင်မတမံ တည်ဆောက်ခြင်းလုပ်ငန်း၊ ရေလွှဲဥမင်လိုဏ်(၁)နှင့်(၂) တည်ဆောက်ခြင်း လုပ်ငန်း၊ ရေပိုလွှဲ တည်ဆောက်ခြင်းလုပ်ငန်း၊ ရေယူအဆောက်အအုံ လုပ်ငန်း၊ Switchyard လုပ်ငန်းနှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ပြီးစီးပြီဖြစ်ပါကြောင်း၊ ယခုအခါ တာဘိုင်အမှတ်(၁)မှ လျှပ်စစ်ဓာတ်အား စမ်းသပ်ထုတ်လုပ်လျက်ရှိပါကြောင်း၊ ကျန်တာဘိုင် သုံးလုံးကိုလည်း ဆက်လက် တပ်ဆင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ရှင်းလင်း တင်ပြသည်။
  • ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရဲရွာရေအား လျှပ်စစ်စီမံကိန်းပုံစံငယ်ကို ကြည့်ရှုကြပြီး စီမံကိန်းရှင်းလင်းဆောင်ရှုရပ်မှနေ၍ ပင်မကွန်ကရစ်တမံနှင့် စီမံကိန်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးကြသည်။
  • ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိကြပြီး တာဘိုင်အမှတ်(၁)မှ လျှပ်စစ်ဓာတ်အား စမ်းသပ်ထုတ်လွှတ်နေမှု၊ ကျန်ရှိနေသော ဂျင်နရေတာများ၏ စက်အစိတ်အပိုင်းများတပ်ဆင်ရန် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးကြသည်။
  • ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် တာဘိုင်အမှတ်(၁) လျှပ်စစ်ဓာတ်အားပေးစက်မှ လည်ပတ်၍ ထွက်ရှိလာသောရေကို စက်ရုံရေထုတ်မြောင်းမှတစ်ဆင့် ဒုဋ္ဌ၀တီမြစ်အတွင်းသို့ ထုတ်လွှတ်မှု အခြေအနေကိုကြည့်ရှုစစ်ဆေးသည်။
  • ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ပင်မကွန်ကရစ်တမံပေါ်သို့ ရောက်ရှိကြပြီး ရှုရပ်မှ ရေလှောင်တမံအတွင်း ရေသိုလှောင်မှု အခြေအနေ၊ စက်ရုံရေထုတ်မြောင်းနှင့် စီမံကိန်းလုပ်ငန်းခွင်တစ်ခုလုံးကို ထပ်မံကြည့်ရှု စစ်ဆေးကြသည်။

၂၀၁၀ ပြည့်နှစ် ဖေဖေါ်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ရဲရွာ ရေအားလျှပ်စစ် ထုတ်လုပ်မှု စမ်းသပ် လည်ပတ်မည်ဟု သိရ

Posted by MOEP (1)

*   ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းတွင် တပ်ဆင်ထားသည့်လျှပ်စစ်တာဘိုင်ကို ၂၀၁၀ ပြည့်နှစ် ဖေဖေါ်ဝါရီလ ၁၂ရက်နေ့၊ ပြည်ထောင်စုနေ့တွင် စတင်လည်ပတ်ရန်စီစဉ်ထားကြောင်း သတင်းရရှိသည်။ ရဲရွာ ရေအားလျှပ်စစ် ပေးဝေရေးစီမံကိန်းတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးဝေနိုင်ရန် စက်တပ်ဆင်အား ၁၈၀ မဂ္ဂါဝပ်ကျော်ထွက်ရှိနိုင်သည့် လျှပ်စစ်တာဘိုင် လေးလုံးတပ်ဆင်ထားရာ ယင်းတို့အနက် ပထမဆုံးတာဘိုင် တစ်လုံး စတင်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။ ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်တာဘိုင် လေးလုံးလည်ပတ်နိုင်ပါက စက်တပ်ဆင်အား ၇၉၀ မဂ္ဂါဝပ်ထွက်ရှိမည်ဟု သိရသည်။ အဆိုပါ လျှပ်စစ်တာဘိုင်လေးလုံးအပြည့်အ၀ လည်ပတ်နိုင်မည့် အချိန်ကို ၂၀၁၀ပြည့်နှစ် မေလတွင် မှန်းဆထားကြောင်း သိရသည်။ ယင်းအပြင် ၂၀၁၀ ဖေဖေါ်ဝါရီလတွင် ပထမဆုံးတာဘိုင် လည်ပတ်ချိန်၌ ရရှိမည့် လျှပ်စစ်ဓာတ်အား ၁၈၀ မဂ္ဂါဝပ်ကျော်ကို ရန်ကုန်မြို့တော်သို့ ပေးပို့သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။ရန်ကုန်မြို့တော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ ၅၀၀ မဂ္ဂါဝပ်ဖြစ်သည်။ ရန်ကုန်မြို့တော်အား ၂၀၁၀ ပြည့်နှစ်မေလတွင် လျှပ်စစ်ဓာတ်အား အပြည့်အ၀ပေးဝေနိုင်ရေးအတွက် ဧရာဝတီတိုင်းရှိ ကမ်းလွန်ပင်လယ်ပြင်မှ ဓာတ်ငွေ့ပိုက်လိုင်းသစ်တစ်ခုကို အလျင်အမြန် တပ်ဆင်လျက်ရှိရာအဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့ကုဗပေ နှစ်သန်းကျော် ရရှိမည်ဖြစ်သည်။ ယင်းပမာဏသည် ရန်ကုန်မြို့တော်တွင် တပ်ဆင်ထားသည့်ဓာတ်ငွေ့နှင့်လည်ပတ်နေသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံလေးရုံကို လည်ပတ်နိုင်သည့်ပမာဏရှိကြောင်းလည်း သိရသည်။ အဆိုပါ စက်ရုံလေးရုံနှစ်ဆယ့် လေးနာရီ လည်ပတ်နိုင်ပါက ရန်ကုန်မြို့တော်တွင် လျှပ်စစ်ဓာတ်အား နှစ်ဆယ့်လေးနာရီ အပြည့်အ၀ ရရှိလာနိုင်မည်ဟုလည်း သတင်းရရှိပါသည်။ ရန်ကုန်မြို့တော်သို့ ၂၄ နာရီလျှပ်စစ်မီးပေးဝေနိုင်ရန် ရည်ရွယ်သည့်အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကိုလာမည့် ၂၀၁၀ ဧပြီလတွင်ပြီးစီးနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားပြီး မေလတွင် လျှပ်စစ်မီး စတင် ပေးဝေနိုင်ရန် မျှော်မှန်းထားကြောင်း၂၀၁၀ခုနှစ် ဇန်န၀ါရီလ ၂၀ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

http://www.khitlunge.net.mm/news/news_detail.aspx?info_id=17913


Yeywa Hydropower Project to generate 3550 million kwh yearly

Posted by MOEP (1)

(NAY PYI TAW, 16 Dec)
* Chairman of the State Peace and Development Council Commander- in-Chief of Defence Services Senior General Than Shwe yesterday afternoon went on an inspection tour of Yeywa Hydropower Project on Myitnge river, 31 miles southeast of Mandalay, Mandalay Division, being implemented by No 2 Construction Group of the Hydropower Department under the Ministry of Electric Power No 1.

* Senior General Than Shwe, accompanied by Member of the SPDC General Thura Shwe Mann and members of the entourage helicoptered from Minsu village of Kyaukse township at 1:15 pm and landed at Yeywa Hydropower Project at 1:45 pm. At the briefing hall, Minister for Electric Power No. 1 Col Zaw Min presented reports to Senior General Than Shwe and entourage that Yeywa Hydropower Project on Myitnge River, being a RCC concrete dam with the length of 2,264 feet and the height of 433 feet was being built; that it was also the major hydropower project of the State; the four 197.5 megawatt turbines have been installed; that No 1 turbine would start generating power in near future; that construction tasks were being expedited for the remaining three turbines to generate power; that the construction of main dam , water intake structure, spillway and diversion tunnel Nos (1) and (2) have completed; that water is being stored at the dam; that tasks for installation of machines to be used in generating power and construction of drainage and switch yard are in their final stages; and that emphasis is being placed on this project to meet set standards as it is one of the world’s largest dams of RCC type.

* Thanks to encouragement of the government and concerted efforts of the project workers, the project will complete two years earlier than the scheduled. As it is a project being implemented through the modern technology, the modern machinery are being installed at the dam to detect the strength, movement of water, water pressure and temperature of the main embankment.

* After hearing the reports, the Senior General gave guidance that as the project is in its final stage of installing turbines, it is necessary to place emphasis on timely completion of the construction tasks the meeting set standards, and he stressed the need to maintain the dams of the completed hydropower plants for their durability.

* The Senior General presented fruit baskets to technicians from abroad and at home.

* The Senior General and party viewed scale model of Yeywa Hydropower Plant. At the main concrete embankment, the Head of State and party looked into storage of water at the dam, removal of the rock layer from the drain of the plant, construction of the power plant and subpower stations, intake structure, installation of sluice gate and all other tasks of the project. At the power plant, the Senior General and party inspected final installation of the parts at No. 1 generator and installation of parts at No. 2 geneator.

* After visiting Yeywa Hydropower Plant, the Head of State and party left there by helicopter.

* Among four generators of Yeywa Hydropower Project, each is over 1500 tons in weight, and over 100,000 parts are systematically installed at each generator.

* The 790 megawatt Yeywa Hydropower Plant will produce 3550 million kwh annually.

* The generating capacity of Yeywa Hydropower Plant will be 70 per cent of about 5000 million kwh being generated by 15 power plants under the Ministry of Electric Power No. 1. Yeywa RCC Dam is one of the largest RCC dams in the world.

Yeywa Dam commences to store water

Posted by MOEP (1)

(NAY PYI TAW, 13 Nov)

* Minister for Electric Power No. 1 Col Zaw Min accompanied by Deputy Minister U Myo Myint and officials supervised storage of water at Yeywa RCC Dam yesterday morning.

* After inspecting No. 1 and No. 2 water diversion tunnels, the minister formally launched the storage of water at the dam and pressed the button to close the water diversion tunnel with valves.

* The minister viewed systematic shutting of valves at the sluice gates No. 1 and No. 2 with the use of 70-ton crane. To mark the successful completion of shutting the water diversion tunnel and storage of water, the minister presented gifts and cash assistance to the workers.

Electric Power No. 1 Minister looks into progress of Yeywa Dam project

Posted by MOEP (1)

(NAY PYI TAW, 12 Nov)

* Minister for Electric Power No. 1 Col Zaw Min on 9 November heard reports on completion of the diversion tunnel, the entrance and exit to the tunnel, RCC main embankment, spillway and power intake structure, installation of steel pipeline, construction of power plant, water outlet channel and sub-power station and arrangements for storage of water at Yeywa Dam presented by Director U Nay Myo Win at the construction site of Yeywa Dam Project near Ye-Yaman Village, 31 miles southeast from Mandalay.

* Director-General U Myint Zaw gave a supplementary report.

* The minister inspected preparations for installation of Diversion Tunnel No. 2 Gate upstream of the dam and supply of water from the diversion tunnel No. 1.

* Afterwards, the minister looked into progress in building the spillway bridge linking left and right embankments and main embankment and other tasks.

* Later, the minister viewed construction of the switch yard and the water outlet channel.

လျှပ်စစ်(၁)၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်း ရဲရွာရေလှောင်တမံ စီမံကိန်းစစ်ဆေး

Posted by MOEP (1)

(နေပြည်တော် နိုဝင်ဘာ ၁၂၊၂၀၀၉ )

  • အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းသည် နိုဝင်ဘာ ၉ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ အရှေ့တောင်ဘက် ၃၁မိုင်အကွာ ရဲ-ယမန်းရွာအနီး မြစ်ငယ်မြစ်ပေါ်၌ အမှတ်(၂)တည်ဆောက်ရေးက အကောင်အထည်ဖော် ဆောင်ရွက်နေသော ရဲရွာရေလှောင်တမံ စီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ စီမံကိန်းရှင်းလင်းဆောင်၌ တည်ဆောက်ရေး ညွှန်ကြားရေးမှူးဦးနေမျိုးဝင်းက စီမံကိန်းလုပ်ငန်းခွင်အတွင်း ဆောင်ရွက်ပြီးစီးပြီဖြစ်သော ရေလွှဲဥမင်လိုဏ်လုပ်ငန်း၊ ရေလွှဲဥမင်လိုဏ်အ၀င်အထွက်လုပ်ငန်း၊ (R.C.C) ပင်မတမံလုပ်ငန်း၊ ရေပိုလွှဲလုပ်ငန်းနှင့် ရေယူအဆောက်အအုံ လုပ်ငန်းအခြေအနေများကိုလည်းကောင်း၊ ဆောင်ရွက်ဆဲ လုပ်ငန်းများဖြစ်သော ဖိအားမြှင့်သံမဏိပိုက်လိုင်း တပ်ဆင်ခြင်းလုပ်ငန်း၊ ဓာတ်အားပေး စက်ရုံဆောက်လုပ်ခြင်းလုပ်ငန်း၊ ရေထုတ်မြောင်းလုပ်ငန်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ရဲရွာတမံ စတင်ရေသိုလှောင်ရန်အတွက် စီစဉ်ထားသော လုပ်ငန်းအဆင့်ဆင့်ကိုလည်းကောင်း ရှင်းလင်း တင်ပြပြီး ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇော်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
  • ထို့နောက် ၀န်ကြီးသည် တမံရေသိုလှောင်မှုအစီအစဉ်အတွက် Up Stream ရှိ Diversion Tunnel No.2 Gate တံခါးချရန် အဆင်သင့်အနေအထား ပြင်ဆင်နေမှုနှင့် Diversion Tunnel No.1 မှ ရေလွှတ်ထုတ်ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
  • ယင်းနောက် တမံယာဘက်ကမ်းနှင့် ၀ဲဘက်ကမ်းတို့ကို ဆက်သွယ်ထားသော ရေပိုလွှဲတံတား ဆောက်လုပ်ပြီးစီးမှု၊ ပင်မတမံ တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဓာတ်အားပေး စက်ရုံအတွင်း Unit-1 Rotorလုပ်ငန်းများ ဆောင်ရွက်နေမှု၊ Statorလုပ်ငန်းဆောင်ရွက်နေမှုနှင့် Decoration works အပိုင်းများ ပြုလုပ်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
  • ဆက်လက်၍ Switch Yard တည်ဆောက်နေမှုနှင့် ရေထုတ်မြောင်းလုပ်ငန်း ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

Concrete laying tasks finalized at Yeywa hydropower project

Posted by MOEP (1)

(Nay Pyi Taw, 19 Dec)
* A ceremony to finalize concrete laying tasks of Yeywa hydropower project that is being implemented by No. 2 Construction Group of Hydropower Implementation Department of the Ministry of Electric Power No. 1 was held at the project on 15 December.

* It was attended by Deputy Minister for Electric Power No. 1 U Myo Myint and heads of department under the ministry, Chinese Ambassador to Myanmar Mr Guan Mu and members, responsible persons of the companies and guests.

* The deputy minister and party inspected progress in laying concrete of RCC main dam and then supervised to finalize concrete laying tasks by means of 2.5 ton Vibrating Roller.

* Yeywa hydropower project is 2264 feet long and 433 feet high and it will generate 790 megawatt upon completion. It is RCC type concrete dam that is first being built in Myanmar and stands at ninth position on the fastest chart of RCC concrete laying.

ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း၏ RCC ပင်မတမံ ကွန်ကရစ် သွန်းလောင်းခြင်း လုပ်ငန်း ပြီးစီး

Posted by MOEP (1)

(နေပြည်တော် ဒီဇင်ဘာ ၁၈)

* မန္တလေးမြို့၏ အရှေ့တောင်ဘက် ၃၁ မိုင်အကွာ ရဲယမန်းကျေးရွာအနီး မြစ်ငယ်မြစ်ပေါ်၌ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန အမှတ်(၂) တည်ဆောက်ရေးက တည်ဆောက် အကောင်အထည်ဖော်လျက်ရှိသည့် ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း၏ RCC ပင်မတမံ ကွန်ကရစ်သွန်းလောင်းခြင်းလုပ်ငန်း အပြီးသတ်ဆောင်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက အဆိုပါ ရဲရွာရေအားလျှပ်စစ်စီမံကိန်း၌ ကျင်းပသည်။

* အခမ်းအနားသို့ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမျိုးမြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Guan Mu နှင့် အဖွဲ့ဝင်များ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

ဆောင်ရွက်
* ရှေးဦးစွာ ဒုတိယ၀န်ကြီး ဦးမျိုးမြင့်နှင့်အ ဖွဲ့ဝင်များသည် RCC ပင်မတမံ ကွန်ကရစ် သွန်းလောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုကြသည်။

* ထို့နောက် ဒုတိယ၀န်ကြီး ဦးမျိုးမြင့်သည် 2.5 ton Vibrating Roller အား မောင်းနှင်၍ RCC ပင်မတမံကွန်ကရစ်သွန်းလောင်းခြင်း လုပ်ငန်းကို အပြီးသတ် ဆောင်ရွက်ပေးသည်။
စီမံကိန်းဖြစ်
* အဆိုပါ ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် RCC ကွန်ကရစ် ပင်မတမံ အလျား ၂၂၆၄ ပေ၊ အမြင့် ၄၃၃ ပေ၊ တမံ RCC ကွန်ကရစ်ထုထည် ၈၇၀၆၇၇ ကျင်း ရှိ၍ စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၇၉၀ ရှိမည့် စီမံကိန်းဖြစ်သည်။

* မြန်မာနိုင်ငံတွင် ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် RCC အမျိုးအစား ကွန်ကရစ်တမံ ဖြစ်ရာ ကမ္ဘာပေါ်တွင် ဆောင်ရွက်ပြီး RCC ကွန်ကရစ်သွန်းလောင်းမှုနှုန်း အမြန်ဆုံးစာရင်းတွင် အမှတ်စဉ် (၉)နေရာ၌ ရပ်တည်သော တမံဖြစ်ကြောင်း သတင်းရရှိသည်။

Senior General Than Shwe visits Yeywa Hydropower Project site As project is nearing completion, step-by-step tasks need to be done carefully

Posted by MOEP (1)

(Nay Pyi Taw, 13 Dec)

* Chairman of the State Peace and Development Council Commander-in-Chief of Defence Services Senior General Than Shwe inspected Yeywa hydro-power project work being implemented on the Myitnge River to the southeast of Mandalay in Mandalay Division on 10 December.

* Senior General Than Shwe, accompanied by member of the State Peace and Development Council General Thura Shwe Mann of the Ministry of Defence, SPDC member Lt-Gen Tin Aye, Commander-in-Chief (Navy) Rear-Admiral Nyan Tun, Commander-in-Chief (Air) Lt-Gen Myat Hein, Maj-Gen Ohn Myint, Maj-Gen Min Aung Hlaing, Lt-Gen Khin Zaw, Lt-Gen Myint Hlaing, Lt-Gen Ye Myint, Maj-Gen Hla Htay Win and Maj-Gen Maung Shein of the Ministry of Defence, chairmen of Mandalay Division, Sagaing Division and Shan State (North) Peace and Development Councils, the ministers, senior military officers and officials of the SPDC Office, arrived at the Yeywa hydropower project site near Ye-Yaman Village at 12.45 p.m.

ဆက်လက်ဖတ်ရှုရန်...click ပါ


* At the briefing hall, Minister for Electric Power No. 1 Col Zaw Min reported to the Senior General and party saying that Yeywa hydropower project is the project of the State that will generate 790 megawatts and 3,550 million kilowatts hours yearly. The roller compacted concrete main dam with 2,264 feet in length and 433 feet in height is being built on the Myitnge River and the construction has been completed by almost cent per cent.

* Minister Col Zaw Min also reported on progress in construction of the diversion tunnel and inlet and outlet, intake structure and spillway, installation of penstock and building of power station and switch yard, completion of the project as scheduled and arrangements being made for storing water in the dam in the coming rainy season.

* Managing Director Dr San Oo of Myanma Electric Power Enterprise under the Ministry of Electric Power No. 2 reported on construction of Yeywa-Belin (Kyaukse) 230 KV power line, Yeywa-Meiktila 230 KV power line and Belin-Meiktila 230 KV power line for supply of 790 megawatts from Yeywa hydropower station to the National Grid, construction of sub-power stations and power supply tasks of Belin-Shwesaryan 230 KV power line and Meiktila-Thazi 230 KV power line.

* In response to the reports, Senior General Than Shwe said Yeywa Hydropower Project is a large-scale project of the State. As the project is nearing completion, all the step-by-step tasks of the project need to be done carefully. Moreover, efforts are to be made for fully tapping of water resources of the Myitnge River. As the tasks for supply of electricity are being implemented, the work for distributing power to the consumers also needs to be done as scheduled. Power supply tasks are to be carried out systematically without any loss and wastage, said the Senior General.

* Next, Senior General Than Shwe presented gifts to the responsible personel of Colenco Power Engineering Ltd and China Gezhouba Group Corporation and the staff of Construction Group-2 of Hydropower Department, who are participating in the Yeywa project.

* The Senior General and party viewed the construction work from the viewing deck of the briefing hall. He also looked into the project site, construction of Yeywa water tank, laying of RCC concrete on the main dam, construction of the power station and spillway and digging of the canal.

* Of the major tasks of the project, construction of diversion tunnel Nos 1 and 2 and the spillway has completed cent-per-cent and RCC main dam will be completed very soon. The whole project has been completed by 67.32 per cent.



ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲရွာ ရေးအားလျှပ်စစ် စီမံကိန်း လုပ်ငန်းများ ကြည့်ရှုစစ်ဆေး လမ်းညွှန် မှာကြား

Posted by MOEP (1)

(နေပြည်တော် ဒီဇင်ဘာ ၁၃)

* နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မန္တလေးတိုင်း မန္တလေးမြို့၏ အရှေ့တောင်ဘက် မြစ်ငယ်မြစ် ပေါ်၌ တည်ဆောက် အကောင်အထည်ဖော်လျက်ရှိသည့် ရဲရွာ ရေးအားလျှပ်စစ်စီမံကိန်း လုပ်ငန်းများကို ဒီဇင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်းတွင် သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။

* နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီးတင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ဉာဏ်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ်ချုပ် မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်၊ ဗိုလ်ချုပ်လှဌေးဝင်းနှင့် ဗိုလ်ချုပ် မောင်ရှိန်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှ ပြည်နယ်နှင့်တိုင်း၊ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌများ၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလျက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်း မန္တလေးမြို့၏ အရှေ့တောင်ဘက် ရဲ-ယမန်း ကျေးရွာအနီး၌ အကောင်အထည်ဖော်လျက်ရှိသည့် ရဲရွာရေအားလျှပ်စစ်စီမံကိန်းသို့ ရဟတ်ယာဉ်များဖြင့် ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်...click ပါ

ရှင်းလင်းတင်ပြ
* ရှေးဦးစွာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အဖွဲ့ဝင်များအား စီမံကိန်းရှင်းလင်းဆောင်၌ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းက ရဲရွာရေအားလျှပ်စစ်စီမံကိန်း တည်နေရာ၊ စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၇၉၀ နှစ်စဉ် လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီ သန်းပေါင်း ၃၅၅၀ ထုတ်လုပ် ဖြန့်ဖြူးပေးမည့် နိုင်ငံတော်၏ ရေအားလျှပ်စစ်စီမံကိန်းဖြစ်ပါကြောင်း၊ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရန်အတွက် မြစ်ငယ်မြစ်ပေါ်၌ ရေလှောင်တမံ အလျား ၂၂၆၄ ပေ၊ အမြင့် ၄၃၃ ပေ ကွန်ကရစ်တမံ Roller Compacted Concrete Dam ပင်မတမံ တည်ဆောက်လျက်ရှိရာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ပါကြောင်းဖြင့် ပဏာမ ရှင်းလင်းတင်ပြသည်။

* ဆက်လက်၍ ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းက စီမံကိန်း၏ အခြားအစိတ်အပိုင်းများဖြစ်သော ရေလွှဲဥမင်လိုဏ်လုပ်ငန်းနှင့် ရေလွှဲဥမင်လိုဏ်အ၀င်အထွက် အဆောက်အအုံများ တည်ဆောက်ပြီးစီးခဲ့မှု အခြေအနေ၊ ဆက်လက်၍ ရေယူအဆောက်အအုံများ တည်ဆောက်ပြီးစီးခဲ့မှုအခြေအနေ၊ ဆက်လက်၍ ရေယူအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်း၊ ရေပိုလွှဲတည်ဆောက်ခြင်းလုပ်ငန်း၊ ဖိအားမြှင့် သံမဏိပိုက်တပ်ဆင်ခြင်းလုပ်ငန်း၊ ဓါတ်အားပေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းနှင့် Switch Yard တည်ဆောက်ခြင်းလုပ်ငန်းများကို သတ်မှတ်ချိန်အမီ ပြီးစီးအောင် တည်ဆောက်နေမှု အခြေအနေ၊ လာမည့် မိုးကာလမှစ၍ ရေလှောင်တမံအတွင်း ရေစတင်သိုလှောင်ရန် စီစဉ်နေမှုတို့ကို အသေးစိတ် ရှင်းလင်း တင်ပြသည်။

* ထို့နောက် အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မြန်မာ့လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန်းဦးက ရဲရွာရေအားလျှပ်စစ်စက်ရုံမှ ထွက်ရှိလာမည့် ဓါတ်အား မဂ္ဂါဝပ် ၇၉၀ ကို မဟာဓါတ်အားလိုင်းစနစ်အတွင်းသို့ ပို့လွှတ်နိုင်ရန်အတွက် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသော ရဲရွာ ဘယ်လင်း(ကျောက်ဆည်) ၂၃၀ ကေဗွီ ဓါတ်အားလိုင်း၊ ရဲရွာ-မိတ္ထီလာ ၂၃၀ ကေဗွီ ဓါတ်အားလိုင်းနှင့် ဘယ်လင်း-မိတ္ထီလာ ၂၃၀ ကေဗွီ ဓါတ်အားလိုင်း တည်ဆောက်သွယ်တန်းမှု အခြေအနေ၊ ဓါတ်အားခွဲရုံများ တည်ဆောက်ပြီးစီးမှု အခြေအနေ၊ဘယ်လင်း-ရွှေစာရံ ၂၃၀ကေဗွီ ဓါတ်အားလိုင်းနှင့် မိတ္ထီလာ-သာစည် ၂၃၀ ကေဗွီဓါတ်အားလိုင်းများမှ ဓာတ်အားများ ပို့လွှတ်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြသည်။

* ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရဲရွာရေအားလျှပ်စစ် စီမံကိန်းသည် နိုင်ငံတော်၏ အကြီးစား ရေအားလျှပ်စစ်စီမံကိန်း တစ်ခုဖြစ်ကြောင်း။

ဂရုပြုလုပ်ကိုင်
* ယခုအခါ ယင်းစီမံကိန်းကြီးသည် အပြီးသတ် တည်ဆောက်မှုအပိုင်းသို့ရောက်ရှိနေပြီး ဖြစ်ရာ အစစအရာရာ သေချာသပ်ယပ်စွာ ပြီးစီးအောင် လုပ်ငန်းအဆင့် အားလုံးတိုင်းကို ဂရုပြုလုပ်ကိုင် ဆောင်ရွက်ကြရန်လိုကြောင်း။

* ထို့အပြင် မြစ်ငယ်မြစ်၏ ရေအရင်းအမြစ်များကို အပြည့်အဝအကျိုးရှိစွာ အသုံးချနိုင်ရေး အတွက် ဆက်လက်ကြိုးပမ်းသွားရန် လိုအပ်ကြောင်း။


စနစ်တကျဖြန့်ဖြူး
* ယခုကဲ့သို့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးသည့်အပိုင်းကို ကြိုးပမ်းတည်ဆောက်လျက် ရှိသကဲ့သို့ ထွက်ရှိလာမည့် လျှပ်စစ်ဓါတ်အားများကို သုံးစွဲသူများထံ ဖြန့်ဖြူးပေးသည့်အပိုင်းကိုလည်း ချိန်ကိုက်ပြီးစီးအောင်၊ ဓါတ်အားအလေအလွင့် အဆုံးအရှုံးမရှိ စနစ်တကျ ဖြန့်ဖြူးပေးနိုင်အောင် ကြိုးပမ်း လုပ်ဆောင်ကြရန် လိုအပ်ကြောင်းဖြင့် လမ်းညွှန်မှာကြားသည်။

* ယင်းနောက်ဗိုလ်ချုပ်မှုးကြီးသန်းရွှေသည် ရဲရွာရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်လျက်ရှိသည့် Colenco Power Engineering Ltd, နှင့် China Gezhouba Corporation တို့မှ တာဝန်ရှိသူများအား လည်းကောင်း၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ်(၂) တည်ဆောက်ရေး အဖွဲ့မှ ဝန်ထမ်းများအားလည်ကောင်း လက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။

ရှုရပ်မှကြည့်ရှု
* ထို့နောက် ဗိုလ်ချုပ်မှုးကြီးသန်းရွှေနှင့် အဖွဲဝင်များသည် စီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းဆောင်အနီးရှိရှုရပ်မှ ကြည့်ရှုကြသည်။

* ယင်းနောက် ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် စီမံကိန်းလုပ်ငန်းခွင်တစ်လျှောက် လှည့်လည်ကြည့် ရှုစစ်ဆေးပြီး ပင်မတမံရှုရပ်မှ ရဲရွာရေလှောင်ကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ပင်မတမံ လက်ဝဲဘက်ခြမ်း နှင့် ပင်မတမံ လက်ယာဘက်ခြမ်း RCC ကွန်ကရစ်အပြီးသတ် သွန်းလောင်းခြင်းလုပ်ငန်းများ၊ ဓါတ်အားပေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း၊ စက်ရုံရေထုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း၊ ရေပိုလွှဲ တည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ရာနှုန်းပြည့်ပြီးစီးတော့မည်
* ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏ အဓိကတည်ဆောက်ရေးလုပ်ငန်းများအနက် ရေလွှဲဥမင်လိုဏ် အမှတ်(၁)နှင့် အမှတ်(၂) ရေလွှဲအဆောက်အအုံလုပ်ငန်းတို့မှာ ရာနှုန်းပြည့်ပြီးစီးပြီး RCC ပင်မတမံ လုပ်ငန်းမှာ ရက်ပိုင်းအတွင်း ရာနှုန်းပြည့်ပြီးစီးတော့မည်ဖြစ်ရာ စီမံကိန်းတစ်ခုလုံးအနေဖြင့် ၆၇ ဒသမ ၃၂ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။



Yeywa Hydel Power Project to generate over 3,550 million kwh yearly on completion

Posted by MOEP (1)

(NAY PYI TAW, 13 Nov)

* Minister for Electric Power No. 1 Col Zaw Min visited Yeywa Hydel Power Project yesterday and gave instructions to officials concerned.

* At the briefing hall of the project, the minister heard reports presented by Deputy Director-General of Hydropower Implementation Department U Myint Zaw on progress of work and machinery to be equipped at the plant.

* After hearing reports, the minister called for timely completion of work on schedule, work-site safety and minimizing of loss and wastage. He also urged the responsible personnel to make efforts and to supervise the machinery to meet the set-standard.

* During the visit, Minister Col Zaw Min inspected placing concrete on the main dam and main spillway, construction of intake channel and installation of machinery.

* Ninety-eight per cent of the main dam, 77 per cent of Power House, 28 per cent of the spillway and 71 per cent f the Power Intake have been completed.

* The project will cost over US $ 600 million including US $ 200 million from the People's Republic of China as a loan and US $ 400 million from the government.

* Upon completion of the project, the power plant is expected to generate 3,550 million kilo watt hours a year and 67 per cent of the project is completed.


ဝန်ကြီး ဗိုလ်မှူးကြီးဇော်မင်း ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း ကြည့်ရှုစစ်ဆေးမှာကြား

Posted by MOEP (1)

(နေပြည်တော် နိုဝင်ဘာ ၁၃)

* အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းအား နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း ရှင်းလင်းဆောင်၌ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇော်က စီမံကိန်းတစ်ခုလုံးရှိ လုပ်ငန်းပိုင်းများအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆောင်ရွက်ရန် ကျန်ရှိမှုအခြေအနေ၊ စီမံကိန်းရှိ လုပ်ငန်းများအတွက် စက်ပစ္စည်းများ ရောက်ရှိမှုနှင့် ကျန်ရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

* ထို့နောက် ၀န်ကြီးက စီမံကိန်းလုပ်ငန်းများကို သတ်မှတ်အချိန်ကာလအတိုင်း လုပ်ငန်း တစ်ခုချင်း ပြီးစီးရန် နေ့ရောညပါ အဆိုင်းလိုက်ခွဲ၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရေး၊ လုပ်ငန်းခွင်သုံး ပစ္စည်းများ စံချိန်စံညွှန်း ပြည့်မီရေးနှင့် အရည်အသွေး ကြပ်မတ်စစ်ဆေးရေး၊ စက်ပစ္စည်းများ အချိန်နှင့် တစ်ပြေးညီ ရောက်ရှိရေး၊ အလေအလွင့် နည်းပါးရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို မှာကြားသည်။

တပ်ဆင်နေ
* ယင်းနောက် ၀န်ကြီးနှင့်အဖွဲ့သည် ရှုရပ်မှ ပင်မ (R.C.C) တမံ၏ နောက်ဆုံး သွန်းလောင်းရန် ကျန်ရှိသော Stage-13 ကွန်ကရစ်သွန်းလောင်းရန် ပြင်ဆင်နေမှုနှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက် နေမှု၊ ပင်မရေပိုလွှဲ ကွန်ကရစ် သွန်းလောင်းနေမှု၊ ရေယူအဆောက်အအုံ ဆောင်ရွက်နေမှု၊ ဓာတ်အားပေး စက်ရုံ (Lower Bend) တပ်ဆင်နေမှု၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းခွင်၌ Machine Bay Unit (1),(2),(3),(4) များအား အောက်ခြေစက်ပစ္စည်းများ တပ်ဆင်နေမှု၊ ကွန်ကရစ်သွန်းလောင်း နေမှုနှင့် Bottom Outlet Gate Chamber များ တပ်ဆင်နေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။

ပြီးစီးမှု
* ယခုအခါ ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏ ပင်မ (R.C.C)တမံ တည်ဆောက်ပြီးစီးမှု ၉၈ ရာခိုင်နှုန်း၊ ဓာတ်အားပေးစက်ရုံ (Power House) မြို့ပြလုပ်ငန်း တည်ဆောက်ပြီးစီးမှု ၇၇ ရာခိုင်နှုန်း၊ ပင်မ ရေပိုလွှဲ (Spillway)တည်ဆောက်ပြီးစီးမှု ၂၈ ရာခိုင်နှုန်းနှင့် ရေယူအဆောက်အအုံ (Power Intake) တည်ဆောက်ပြီးစီးမှု ၇၁ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

အကြီးစားစီမံကိန်း
* ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းသည် အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော် ကုန်ကျမည့် အကြီးစား စီမံကိန်းကြီးတစ်ခုဖြစ်ပြီး ယင်းစီမံကိန်း ကုန်ကျစရိတ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၂၀၀ ပါဝင်ကာ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာသန်း ၄၀၀ကျော်ကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း။

အရှိန်အဟုန်ဖြင့်
* နိုင်ငံတော်အစိုးရသည် နိုင်ငံအတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက် သုံးစွဲနိုင်ရေး အတွက် အကြီးစား ရေအားလျှပ်စစ် စီမံကိန်းကြီးများကို အရှိန်အဟုန်ဖြင့် ဆောက်လုပ်လျက်ရှိရာ ယခု ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း ပြီးစီးပါက စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၇၉၀ မှ တစ်နှစ်လျှင် လျှပ်စစ် ဓာတ်အား ကီလိုဝပ်နာရီ သန်းပေါင်း ၃၅၅၀ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် စီမံကိန်းတစ်ခုလုံး အနေဖြင့် ၆၇ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။


မြန်မာနိုင်ငံ၌ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ ရေအား လျှပ်စစ် စီမံကိန်းကြီးများအနက် အကြီးမားဆုံးသော ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကြီးသို့ တစ်ခေါက်

Posted by MOEP (1)

(နေပြည်တော် နိုဝင်ဘာ ၁၁)

* မိမိတို့သတင်းအဖွဲ့သည် မန္တလေးမြို့၏ အရှေ့တောင်ဘက် ၃၁ မိုင်ခန့်အကွာ ရဲ-ယမန်း ကျေးရွာအနီး ဒုဋ္ဌ၀တီမြစ် (ခေါ်) မြစ်ငယ်မြစ်ပေါ်၌ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန အမှတ်(၂)တည်ဆောက်ရေးက တာဝန်ယူ တည်ဆောက်လျက်ရှိသည့် ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကို သွားရောက်လေ့လာခဲ့ကြပါသည်။

မျက်ဝါးထင်ထင်
* စီမံကိန်းလုပ်ငန်းခွင်ကို အဝေးမှလှမ်းမြင်မိလိုက်စဉ်မှာပင် နိုင်ငံသားတစ်ဦးအနေဖြင့် များစွာ ဂုဏ်ယူပီတီဖြစ်မိပါသည်။ မိမိတို့သည် သတင်းသမားများပီပီ မြန်မာပြည် တစ်နံတစ်လျားသို့ သွားရောက်ပြီး မျက်မှောက်ခေတ် နိုင်ငံတော်၏ တည်ဆောက်ပြုပြင်ရေးစီမံကိန်းအမြောက်အမြားကို မျက်ဝါးထင်ထင် တွေ့မြင်လေ့လာခွင့် ရခဲ့ပါသည်။

* မိမိတို့လေ့လာမိသလောက် ယခု ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကြီး၏ ထုထည်ကြီးများမှုမျိုးကို မတွေ့မြင်ခဲ့ဖူးပါ။ ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့၏ လူနေမှု ဘ၀ မြင့်မားရေးတို့အတွက် အထောက်အကူပြုမည့် စီမံကိန်းကြီးဖြစ်ပါသည်။

အကြီးမားဆုံး
* အဆိုပါ ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် မြန်မာနိုင်ငံ၌ တည်ဆောက်ပြီး တည်ဆောက်ဆဲ ရေအားလျှပ်စစ်စီမံကိန်းကြီးများအနက် အကြီးမားဆုံးသောရေအားလျှပ်စစ်စီမံကိန်းကြီးတစ်ခုဖြစ်ကြောင်း၊ ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းတမံထုထည်သည် ကမ္ဘာပေါ်၌ တတိယအကြီးမားဆုံးဖြစ်ပြီး တမံအမြင့်သည် ကမ္ဘာပေါ်၌ ပဉ္စမအကြီးမားဆုံးဖြစ်ကြောင်း စီမံကိန်းရှိ အင်ဂျင်နီယာများက ဂုဏ်ယူစွာ ရှင်းလင်းပြောကြား ပါသည်။

ဆက်လက်ဖတ်ရှုရန်...click ပါ
ကွန်ကရစ်တမံ
* ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို အခြားစီမံကိန်းများကဲ့သို့ မြေသားတမံ၊ ကျောက်ဖြည့်တမံ တို့ဖြင့် တည်ဆောက်ထားခြင်းမဟုတ်ဘဲ ကွန်ကရစ်တမံ (Roller Compacted Concrete Dam) အမျိုး အစားဖြင့် တည်ဆောက်ထားကြောင်း၊ မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော ကွန်ကရစ်တမံ (RCC Dam) အမျိုးအစားဖြစ်ကြောင်း၊ ထို့အပြင် ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ မိုးရာသီ၌ မြစ်ရေစီးဝင်ခြင်းမှ ကာကွယ်ရန်အတွက်လည်းကောင်း၊ RCC ကွန်ကရစ်ကို ဖျော်စက်မှ တမံတည်ဆောက်မည့်နေရသြို့ သယ်ဆောင်မည့် Beltconveyor စင်များ တပ်ဆင်နိုင်ရန် လည်းကောင်း၊ စီမံကိန်းပြီးစီးပါက ဓာတ်အားပေးစက်ရုံနှင့် နီးကပ်စွာ တည်ရှိသော ရေပိုလွှဲမှ စီးကျရေများ ဓာတ်အားပေးစက်ရုံသို့ စီးဝင်ခြင်းမရှိစေရန်အတွက် လည်းကောင်း၊ ရေကာနံ (Separation Wall) တစ်ခုကိုလည်း ထည့်သွင်း တည်ဆောက်ထားကြောင်း၊ ယင်းရေကာနံရံမှာလည်း ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းတွင်သာ ပထမဦးစွာ ထည့်သွင်း တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

စုဆောင်းသိုလှောင်
* ဒုဋ္ဌ၀တီမြစ် (ခေါ်) မြစ်ငယ်မြစ်သည် စုစုပေါင်းရေဆင်းဧရိယာ စတုရန်းမိုင် ၁၀၈၉၀ ရှိပြီး နှစ်စဉ်ပျမ်းမျှ မိုးရေချိန် ၃၃ လက်မ၊ နှစ်စဉ်ပျမ်းမျှ စီးဝင်ရေ ဧက ၁၂၁ သိန်း ဧကပေရှိသဖြင့် ယင်းရေများကို အလဟဿမဖြစ်စေရန် ကန်ရေပြည့် ရေလှောင်ပမာဏ ၂၁ ဒသမ ၁၄ သိန်းဧကပေ၊ ကန်ရေသေလှောင်ပမာဏ ၁၃ ဒသမ ၀၄ သိန်းဧကပေ သိုလှောင်နိုင်ပြီး ကန်ရေပြည့်ရေပြင်ကျယ်ဧရိယာ ဧက ၁၄၅၈၀ (၂၃) စတုရန်းမိုင် ပမာဏရှိသော ရေလှောင်တမံကို အလျား ၂၂၆၈ ပေ၊ အမြင့် ၄၃၃ ပေ ရှိသော ကွန်ကရစ်တမံ (RCC Dam)တည်ဆောက်၍ မိုးတွင်းကာလတွင် မြစ်ငယ်မြစ်အတွင်း စီးဝင်သော ရေများအနက် လိုအပ်သည့် ရေပမာဏကို စုဆောင်းသိုလှောင်ထားနိုင်မည်ဖြစ်ကြောင်း၊ ပိုလျှံသောရေ များကို အကျယ် ၅၆ ပေ၊ အမြင့် ၃၉ ပေရှိသည့် ရေထွက်ပေါက် ရှစ်ပေါက်ပါရှိသော စုစုပေါင်း ၄၄၈ ပေ အကျယ်ရှိ ရေတံခါးမပါသည့် ရေပိုလွှဲမှ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပို့လွှတ်ဖြန့်ဖြူး
* ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြီး၏ ပင်မတံတည်ဆောက်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီး စီမံကိန်း တစ်ခုလုံး၏ ၆၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းကြီး တည်ဆောက်ပြီးစီးသွားပါက ရေယူအဆောက်အအုံ (Power Intake)ရှိ အချင်း ၂၂ ပေ၊ အလျား ၄၉၂ ပေ ရှိသည့် ဖိအားမြှင့် သံမဏိပိုက်လုံး လေးလုံးမှတစ်ဆင့် ရေလှောင်တမံမှ ရေကို စက်တစ်လုံးလျှင် စက်တပ်ဆင်အင်အား ၁၉၇ ဒသမ ၅ မဂ္ဂါဝပ်အင်အား ရှိသည့် ဖရန်စစ်တာဘိုင်အမျိုးအစား ဓာတ်အားပေးစက် လေးလုံးသို့ ပို့လွှတ်ကာ စုစုပေါင်းစက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၇၉၀ မှ လျှပ်စစ် ဓာတ်အား နှစ်စဉ်ပျမ်းမျှ ကီလိုဝပ်နာရီသန်းပေါင်း ၃၅၅၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ လျှပ်စစ်ဓာတ်အားများကို ကေဗွီ ၂၃၀ ရှိသည့် လယ်ဝေး၊ မိတ္ထီလာ၊ သာစည် တိုးချဲ့ ဓာတ်အားခွဲရုံမှ တစ်ဆင့် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ကာ ပို့လွှတ်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စွမ်းအင်တစ်ရပ်
* ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို နိုင်ငံတော်က ငွေကြေးအမြောက်အမြားကျခံသုံးစွဲကာ အချိန်ယူပြီး နှစ်ရှည်စီမံကိန်းအဖြစ် ၀န်ထမ်းအင်အားများစွာ သုံးစွဲ၍ အင်တိုက်အားတိုက် ဆောင်ရွက် လျက်ရှိသည်ကို တွေ့ရသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရာတွင် လျှပ်စစ်စွမ်းအားသည် အဓိကျသော ကဏ္ဍမှ ပါဝင်ပြီး နိုင်ငံတော်နှင့် ပြည်သူတို့အတွက် မရှိမဖြစ် လိုအပ်သော စွမ်းအင်တစ်ရပ်ပင် မဟုတ်ပါလား။

(၁၂.၁၁.၂၀၀၈ ရက်နေ့ထုတ် မြန့်မာ့အလင်း သတင်းစာပါ သတင်းဆောင်းပါး - မောင်မောင်ထွေး (သတင်းစဉ်)၏ "မြန်မာနိုင်ငံ၌ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ ရေအား လျှပ်စစ် စီမံကိန်းကြီးများအနက် အကြီးမားဆုံးသော ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကြီးသို့ တစ်ခေါက်" ဆောင်းပါး ဖြစ်ပါသည်။)



previous home