သံတွဲမြို့ သူဌေးရေလှောင်တမံ ၀န်ကြီး ဦးဇော်မင်း ကြည့်ရှု စစ်ဆေး

Posted by MOEP (1)

(နေပြည်တော်၊ ဇွန် ၉၊ ၂၀၁၀ ခုနှစ်)

  • အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဦးဇော်မင်းသည် ဇွန် ၇ ရက် ညနေ ပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာ သူဌေးချောင်းပေါ်တွင် အမှတ် (၆) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သူဌေး ရေလှောင်တမံ စီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း ရေလွှဲဥမင်လိုဏ်မြေကြီးကျောက်သားခိုင်ခံ့မှု လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ မြစ်အထက်ပိုင်းရှိ ရေလွှဲဥမင်လိုဏ်အ၀င်ပိုင်း၊ ဥမင်လိုဏ်အမှတ် (၁) နှင့် အမှတ် (၂) တို့တွင် ဥမင်လိုဏ်တူးဖော်နေမှုနှင့် Steel Lining လုပ်ငန်းများ ဆောင်ရွက် နေမှုနှင့်  ရေလွှဲဥမင်လိုဏ်မြေကြီးကျောက်သားများ ခိုင်ခံ့စေရန်အတွက် Bolt Installation လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များ ကို မှာကြားခဲ့သည်။
  • ထို့နောက် ပင်မတမံမြေကြီး ကျောက်သားတူးဖော်ပြီးစီးမှုနှင့် တမံအုတ်မြစ်စိမ့် ရေတားနံရံ (Diaphragm Wall) လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
  • ယင်းနောက် ၀န်ကြီးနှင့် အဖွဲ့အားရှင်းလင်းဆောင်၌ တည်ဆောက်ရေး ညွှန်ကြားရေးမှူး ဦးစန်းဝေက စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် စီမံကိန်းလုပ်ငန်းခွင်အတွင်းမိုးရာသီ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကိုရှင်းလင်းတင်ပြပြီး ညွှန်ကြားရေး မှူးချုပ်ဦးမြင့်ဇော်က ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
  • ထို့နောက် ၀န်ကြီးကလိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဘေးအန္တရာယ် လုံခြုံရေးကို အထူးဂရုစိုက်ကြရန် မှာကြားကာ စီမံကိန်းရှိ ၀န်ထမ်းများအား သီးသန့်တွေ့ဆုံ၍ လိုအပ်ချက်များကို အသေးစိတ်ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Print this post
Next previous home