ဝန်ကြီး ဦးဇော်မင်း ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း၌ ကြည့်ရှု စစ်ဆေး

Posted by MOEP (1)

(နေပြည်တော် ဇွန် ၂၇၊ ၂၀၁၀ခုနှစ် )

  •  အမှတ် (၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီးဦးဇော်မင်းသည် တာဝန်ရှိသူများလိုက်ပါ လျက် ဇွန် ၂၆ရက် နံနက်ပိုင်းတွင် မန္တလေးမြို့၏အရှေ့တောင်ဘက် ၃၁မိုင်ခန့်အကွာ ရဲယမန်းရွာအနီး အမှတ်(၂) တည်ဆောက်ရေးက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိပြီး တမံအတွင်း ရေ၀င်ရောက်နေမှုနှင့် ရေသိုလှောင် ထားရှိမှု၊ ဖိအားမြှင့် သံမဏိပိုက်လိုင်းများ တပ်ဆင်ပြီးစီးမှုနှင့် ကွန်ကရစ်သွန်းလောင်းပြီးစီးမှု၊ ဓတ်အားပေး စက်ရုံတည်ဆောက်ပြီးစီးမှု Decoration Work များ ဆောင်ရွက်ပြီးစီးမှုနှင့် Tailrace Channel & Switchyard Slope Protection လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ပင်မတမံပေါ်မှ ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြပြီး ၀န်ကြီးက လိုအပ်သည်များ မှာကြားခဲ့သည်။
  •  ဆက်လက်၍ ဓာတ်အားပေးစက်ရုံ အတွင်း၌ အမှတ်(၁)စက်မှ ဓာတ်အားထုတ်လွှတ် မောင်းနှင်နေမှု အခြေအနေနှင့် အမှတ်(၂)စက် ဓာတ်အားထုတ်လွှတ် မောင်းနှင်နိုင်ရန်အတွက် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ အမှတ်(၃)စက်အတွက် Rotor လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် အမှတ်(၄) စက်အတွက် Stator လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
  • ထို့နောက် ၀န်ကြီးသည် အမှတ်(၁)စက် Turbine လည်ပတ်မောင်းနှင်နေမှုနှင့် အမှတ်(၂)စက် Control Room တပ်ဆင်ပြီးစီးမှု အခြေအနေ တို့ကိုလည်းကောင်း၊ Control Room Computer System ဖြင့် ဓာတ်အားပို့လွှတ်မှု အခြေအနေနှင့် ဓာတ်အားပေးစက်ရုံ Decoration Workများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
  • ဆက်လက်၍ စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ တည်ဆောက်ရေး ညွှန်ကြားရေးမှူး ဦးနေမျိုးဝင်းက စီမံကိန်း၏ ပင်မတမံလုပ်ငန်း၊ ရေယူအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်း၊ ရေလွှဲဥမင်လိုဏ် အ၀င်ပိုင်းနှင့်အထွက်ပိုင်းလုပ်ငန်းများ၊ ရေပိုလွှဲ တည်ဆောက်ပြီးစီးမှုနှင့် ဖိအားမြှင့် သံမဏိပိုက်လိုင်းများ တပ်ဆင်ပြီးစီးမှု၊ ကွန်ကရစ်သွန်းလောင်းပြီးစီးမှုနှင့် ဓာတ်အားပေးစက် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ စက်ရုံရေထုတ်မြောင်း ဖောက်လုပ်ခြင်းလုပ်ငန်းနှင့ှ်Switchyard တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပုံ အဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြသည်။
  • ယင်းနောက် ခေတ္တဦးဆောင်ညွှန်ကြားရေးမှူးနှင့် စက်ရုံမှူးတို့က အမှတ်(၁)စက်မှ ဓာတ်အား စတင်ထုတ်လွှတ်ချိန်မှ ယနေ့အထိ ဓာတ်အားထုတ်လွှတ်ပေးနိုင်သည့် အခြေအနေများနှင့် အမှတ်(၂)စက်မှ မကြာမီ ဓာတ်အားထုတ်လွှတ်ပေးနိုင်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြကြရာ ၀န်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး စက်အစိတ်အပိုင်းများ စနစ်တကျနှင့် အချိန်မီပြီးစီးအောင် တပ်ဆင်ရေးတို့ကို တာဝန်ရှိသူများအား အသေးစိတ် မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

Print this post
Next previous home