အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းအား ဧည့်တွေ့ဆုံ

Posted by MOEP (1)

(နေပြည်တော် ဇန်န၀ါရီ ၁၇)

* အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းအား ကနေဒါနိုင်ငံ၌ ရုံးစိုက်သည့် Tekmar Energy & Communication Inc မှ ဒုတိယဥက္ကဋ္ဌ Mr. Shahiahan Shah သည် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။

* ထိုသို့တွေ့ဆုံရာ၌ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမျိုးမြင့်၊ ဌာန ဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရေအားလျှပ်စစ်စီမံကိန်းများနှင့် စပ်လျဉ်း၍ ရင်းနှီးမြှပ်နှံမှု၊ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။




Print this post
Next previous home