ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး သူဋ္ဌေးရေအားလျှပ်စစ် စီမံကိန်း ကြည့်ရှုစစ်ဆေး

Posted by MOEP (1)

(နေပြည်တော် ဇန်န၀ါရီ ၁၂)

* ရခိုင်ပြည်နယ် အမ်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးမောင်အေးသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးတင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ် (လေ)၊ ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်အရာရှိကြီးများ၊ ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ တိုင်းမှူး ဗိုလ်ချုပ်သောင်းအေး၊ အစိုးရအဖွဲ့ အဖွဲ့ဝင် ၀န်ကြီး၊ ဒုတိယ၀န်ကြီး၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလျက် ဇန်န၀ါရီ ၁၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရဟတ်ယာဉ်များဖြင့် အမ်းမြို့မှ သံတွဲမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာ သူဋ္ဌေးချောင်းပေါ်၌ တည်ဆောက်အကောင်အထည်ဖော်လျက်ရှိသော သူဋ္ဌေးရေအားလျှပ်စစ် စီမံကိန်းသို့ ရောက်ရှိသည်။

* စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိရာတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင် များအား အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမျိုးမြင့်၊ ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကြည်နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်...click ပါ

* ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်မှူးကြီးသည် စီမံကိန်းရှင်းလင်းဆောင် ရှုရပ်မှနေ၍ သူဋ္ဌေးရေအား လျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်အတွင်း စက်ယန္တရားကြီးများဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။

* ထို့နောက် စီမံကိန်းရှင်းလင်းဆောင်၌ ဒုတိယဗိုလ်ချုပ်မှူးကြီးအား အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းက ရခိုင်ပြည်နယ်အတွင်းရှိ ရေအားအရင်းအမြစ်များမှ ရေအားလျှပ်စစ်ထုတ်လုပ်ရရှိနိုင်မည့်နေရာများ၊ ရခိုင်ပြည်နယ်အတွင်း ဓာတ်အားပေးကွန်ရက်စနစ် တည်ဆောက်ပြီး ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ ရေအရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ၁၁၁ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် သူဋ္ဌေး ရေအားလျှပ်စစ်စီမံကိန်းနှင့် မဂ္ဂါဝပ် ၁၀ ထုတ်လုပ်နိုင်မည့် အမ်းချောင်းရေအားလျှပ်စစ်စီမံကိန်းတို့မှာ တည်ဆောက်ဆဲ စီမံကိန်းလုပ်ငန်းများဖြစ်ပါကြောင်း၊ မဂ္ဂါဝပ် ၅၀၀ ထုတ်လုပ်နိုင်မည့် လေးမြို့ရေအား လျှပ်စစ်စီမံကိန်းနှင့် ၇၆ ဒသမ ၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စိုင်ဒင်ရေအားလျှပ်စစ်စီမံကိန်းတို့မှာ တည်ဆောက်ရန်လျာထားသော စီမံကိန်းများဖြစ်ပါကြောင်း၊ အဆိုပါရေအားလျှပ်စစ်စီမံကိန်း(၄)ခု ပြီးစီး သွားပါက စုစုပေါင်းလျှပ်စစ် ၆၉၇ ဒသမ ၅ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်အားရှိမည်ဖြစ်ပြီး ရခိုင်ပြည်နယ် အတွင်း မြို့နယ်များသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါကြောင်း။

* ရခိုင်ပြည်နယ် သူဋ္ဌေးချောင်းပေါ်တွင် တည်ဆောက်မည့် သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်းအား ဆောင်ရွက်နိုင်ရန် အကြိုစူးစမ်းလေ့လာမှုများကို ၂၀၀၄ ခုနှစ် ဧပြီလမှ စတင်၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ စက်တစ်လုံးလျှင် ၃၇ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်သည့် တာဘိုင်စက် သုံးလုံးမှ လျှပ်စစ်ဓာတ်အား ၁၁၁ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ အဓိက ရေအားအဆောက်အအုံများအနေဖြင့် အလျား ၂၃၂၆ ပေရှိ အမှတ်(၁)ရေလွှဲဥမင်လိုဏ်နှင့် အလျား ၁၈၇၅ ပေရှိ အမှတ်(၂) ရေလွှဲဥမင်လိုဏ်၊ ပင်မတမံ၊ ရေပိုလွှဲ၊ ဖိအားမြင့် သံမဏိပိုက်လိုင်းများဖြစ်ပါကြောင်း။

* တမံအုတ်မြစ်၊ စိမ့်ရေတားကွန်ကရစ်နံရံ တည်ဆောက်ခြင်း လုပ်ငန်းကို ခေတ်မီလုပ်ငန်းသုံး စက်ယန္တရားဖြစ်သည့် Bauer Trench Cutter အား အသုံးပြု၍ တည်ဆောက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

* ဆက်လက်၍ ဒုတိယ၀န်ကြီးဦးမျိုးမြင့်က ပင်မတမံတည်ဆောက်မှု ပုံစံဒီဇိုင်းနှင့် Trench Cutter ဖြင့် တမံအုတ်မြစ်၊ စိမ့်ရေတားကွန်ကရစ် နံရံတည်ဆောက်မည့် အစီအစဉ်များ၊ ငလိုက်၊ မုန်း၊ သဖန်းဆိပ် စသည့် ရေလှောင်တမံများ၌ စိမ့်ရေတားကွန်ကရစ်နံရံများ ထည့်သွင်းတည်ဆောက်ခဲ့ပုံများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဗိုလ်ချုပ်မှူးကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံခြားသား ပညာရှင်များအား လက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။

* ဆက်လက်၍ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့်အဖွဲ့ဝင်များသည် သူဋ္ဌေးရေအားလျှပ်စစ် စီမံကိန်း၏ လုပ်ငန်းတစ်ခုဖြစ်သော တမံအုတ်မြစ်၊ စိမ့်ရေတားကွန်ကရစ်နံရံ စတင်တည်ဆောက်ခြင်း အခမ်းအနားကျင်းပမည့် မင်္ဂလာမုခ်ဦးရှေ့သို့ သွားရောက် နေရာယူကြသည်။

* ယင်းနောက် မင်္ဂလာအချိန်နှင့် တမံအုတ်မြစ်၊ စိမ့်ရေတားကွန်ကရစ်နံရံ တည်ဆောက်မှု စတင် ဆောင်ရွက်ရန် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်၊ တိုင်းမှူးဗိုလ်ချုပ်သောင်းအေး၊ ၀န်ကြီးဗိုလ်မှူးကြီးဇော်မင်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

* ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်၊ တိုင်းမှူးဗိုလ်ချုပ်သောင်းအေး၊ ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းတို့သည် တမံအုတ်မြစ်၊ စိမ့်ရေတားကွန်ကရစ်နံရံ တူးဖော်တည်ဆောက်မည့် စက်ယန္တရား (Trench Cutter)ကို အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်းပေးကြသည်။

* ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးသည် တမံအုတ်မြစ်၊ စိမ့်ရေတားကွန်ကရစ်နံရံ တည်ဆောက်မှု လုပ်ငန်းသုံး စက်ယန္တရား (Trench Cutter)အား Guide Wall ပေါ်တွင် နေရာချထားပြီး မြေတူးခြင်းလုပ်ငန်း စတင်ဆောင်ရွက်ပုံ အဆင့်ဆင့်တို့ကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လုပ်ငန်းများကို စေတနာထား၍ ကြိုးစားလုပ်ကိုင်ရန်၊ အစစ သပ်ရပ်သေချာစွာဆောင်ရွက်ရန် မှာကြား သည်။ ယင်းစက်ယန္တရားသည် စိမ့်ရေတားနံရံကို အနက်ပေ ၂၀၀ ထိ တူးဖော်နိုင်အားရှိကြောင်း သိရှိရသည်။

* ယင်းနောက် ဒုတိယဗိုလ်ချုပ်မှူးကြီးသည် သူဋ္ဌေးရေအားလျှပ်စစ်တွင် တာဝန်ထမ်းဆောင် နေကြသော ၀န်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ပြန်လည်ထွက်ခွာခဲ့သည်။

* အဆိုပါ သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်းသည် ရခိုင်ပြည်နယ် သံတွဲမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာ သူဋ္ဌေးချောင်းပေါ်၌ တည်ရှိ၍ တပ်ဆင်စက်အင်အား ၁၁၁ မဂ္ဂါဝပ်ရှိသော ရေအားလျှပ်စစ်စက်ရုံတစ်ခုတည်ဆောက်ပြီး နှစ်စဉ်ထုတ်လုပ်နိုင်မည့် ဓာတ်အားကီလိုဝပ်နာရီ ၃၈၆ သန်းကို ရခိုင်ပြည်နယ်အတွင်းသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရန် ရည်ရွယ်တည်ဆောက်လျက်ရှိသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။



Print this post
Next previous home