ဝန်ကြီး ဗိုလ်မှူးကြီးဇော်မင်းနှင့် ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့် စိုင်တင် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်နေရာ ကြည့်ရှု စစ်ဆေး

Posted by MOEP (1)

(နေပြည်တော် ဇန်န၀ါရီ ၃၀)

* အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းနှင့် အမှတ်(၂)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်တို့သည် ဇန်န၀ါရ်ီလ ၂၈ ရက် မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၏ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာ စိုင်တင်ချောင်းပေါ်တွင် တည်ရှိသည့် စိုင်တင်ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့် နေရာ၌ စိုင်တင်ရေတံခွန်တောင်မှ ရေစီးဆင်းနေမှု အခြေအနေ၊ စိုင်တင်ချောင်းရိုးတစ်လျှောက် ရေစီးဝင်နေမှု အခြေအနေများနှင့် လျှိုပိတ်တမံ တည်ဆောက်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။


ဆက်လက်ဖတ်ရှုရန်...click ပါ




* ယင်းနောက် ရှင်းလင်းဆောင်၌ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်ားကည်က စီမံကိန်းအကောင်အထည်ဖော် နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ၀န်ကြီးများက စီမံကိန်းစူးစမ်းလေ့လာခြင်းကို အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် အကြိုအင်ဂျင်နီယာလုပ်ငန်းများ စတင်ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


* ထို့နောက် ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းနှင့် ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်တို့သည် ဘူးသီးတောင်မြို့ ဗန္ဓုလခန်းမသို့ ရောက်ရှိပြီး ဘူးသီးတောင်မြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားကာ ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းက ဘူးသီးတောင်မြို့နယ်အတွက် ပညာရေးဝန်ကြီးဌာနက လှူဒါန်းသော စာအုပ်၊ စာရေးကိရိယာများနှင့် ကျန်းမာရေးဝန်ကြီးဌာနက လှူဒါန်းသော ဆေးဝါးများကိုလည်းကောင်း၊ ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်က ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းသော စာအုပ်၊ စာစောင်များကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံကြသည်။ တွေ့ဆုံပွဲအပြီးတွင် ၀န်ကြီးများသည် ဒေသခံ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။


မဂ္ဂါဝပ် ၇၀ ရရှိမည်

* အဆိုပါ စိုင်တင်ရေအားလျှပ်စစ်စီမံကိန်းသည် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် အသစ်တည်ဆောက်မည့် စီမံကိန်းဖြစ်ပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇၀ ခန့် ရရှိမည့် စီမံကိန်းဖြစ်ကြောင်း သိရှိရသည်။



Print this post
Next previous home