ရွှေကျင်ရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်းများ လျှပ်စစ်(၁)၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း ကြည့်ရှုစစ်ဆေး

Posted by MOEP (1)

နေပြည်တော် ဖေဖော်ဝါရီ ၅

* အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းသည် ဖေဖော်ဝါရီ ၃ ရက်က ပဲခူးတိုင်း ရွှေကျင်မြို့ အရှေ့မြောက်ဘက် ၆ မိုင်ခန့်အကွာ ကျောက်နဂါးကျေးရွာအနီးရှိ ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာန အမှတ်(၄)တည်ဆောက်ရေးက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရွှေကျင် ရေအားလျှပ်စစ်စီမံကိန်းသို့ရောက်ရှိပြီး စီမံကိန်းရှင်းလင်းဆောင်၌ တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်ချက်များကို ဖြည့်ဆည်းမှာကြားသည်။

ကြည့်ရှုစစ်ဆေး

* ထို့နောက်ဝန်ကြီးသည် ပင်မတမံ မြေသားဖို့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ဖိအားမြှင့် သံမဏိပိုက်လိုင်း တပ်ဆင်ပြီးစီးမှု ကွန်ကရစ်သွန်းလောင်းပြီးစီးမှုစသည့် စီမံကိန်းလုပ်ငန်းများကို လှည့်လည် ကြည့်ရှု စစ်ဆေးသည်။

* ယခုအခါ ရွှေကျင်ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများ ၇၃ ဒသမ ၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

Print this post
Next previous home