တာပိန်(၂)ရေအားလျှပ်စစ်စီမံကိန်းအတွက် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပ

Posted by MOEP (1)


(နေပြည်တော် စက်တင်ဘာ ၂၇)

* အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Datang Yunan United Hydropower Developing Co., Ltd တို့ တာပိန်(၂)ရေအားလျှပ်စစ်စီမံကိန်းအတွက် နှစ်ဖက်သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို စက်တင်ဘာ (၂၅)ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

* အဆိုပါအခမ်းအနားသို့ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း၊ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်၊ ဒုတိယ၀န်ကြီးများ၊ ဒုတိယ ရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Datang Yunan United Hydropower Developing Co., Ltd မှ President, Mr. Wu Jing နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။ အစီအစဉ်အရ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းက နှုတ်ခွှန်းဆက်စကားပြောကြားသည်။ ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Datang Yunan United Hydropower Developing Co., Ltd မှ President, Mr. Wu Jing က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

* ယင်းနောက် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Datang Yunan United Hydropower Developing Co., Ltd မှ President တို့က နှစ်ဖက်နားလည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုးပြီး အပြန်အလှန် လဲလှယ်ကြသည်။

* ယင်းနေ့ နားလည်မှုစာချွန်လွှာ ရေးထိုးသော တာပိန်(၂)ရေအားလျှပ်စစ်စီမံကိန်းမှာ စက်တပ်ဆင်အား မဂ္ဂါဝပ် ၁၆၀ ရှိမည့် စီမံကိန်းဖြစ်ကြောင်း သိရှိရသည်။


Print this post
Next previous home