လျှပ်စစ်(၁) ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းအား ဧည့်သည်အဖွဲ့ တွေ့ဆုံ

Posted by MOEP (1)


(နေပြည်တော် စက်တင်ဘာ ၂၀)

* အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ CITIC and Sinohydro Joint Venture CCYW ကုမ္ပဏီမှ President , Ms. Jean zhou Oin နှင့် Deputy Managing Director, Mr. Shen Decai နှင့် အဖွဲ့သည် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ၍ ရဲရွာရေအားလျှပ်စစ် စီမံကိန်း လုပ်ငန်း၏ တာဘိုင်ဂျင်နရေတာနှင့် Hydraulic Steel Structure များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

တက်ရောက်

* ထိုသို့တွေ့ဆုံရာ၌ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမျိုးမြင့်၊ ဌာနဆိုင်ရာ အကြီး အကဲများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Print this post
Next previous home