ရွှေကျင် ရေအားလျှပ်စစ်စီမံကိန်း ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း ကြည့်ရှုစစ်ဆေး

Posted by MOEP (1)


(နေပြည်တော်၊ အောက်တိုဘာ ၁)

* အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းသည် ယမန်နေ့ နံနက် ပိုင်းတွင် ပဲခူးတိုင်း၊ ရွှေကျင်မြို့ အရှေ့မြောက်ဘက် ခြောက်မိုင်ခန့်အကွာ ကျောက်နဂါးကျေးရွာအနီး ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန အမှတ်(၄)တည်ဆောက်ရေးက အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသော ရွှေကျင် ရေအားလျှပ်စစ်စီမံကိန်းရှိ ပင်မရေပိုလွှဲလုပ်ငန်း၏ မြေကြီး ကျောက်သား တူးဖော်ပြီးစီးမှု အခြေအနေ၊ ကွန်ကရစ်သွန်းလောင်းနေမှုနှင့် သွန်းလောင်းပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

* ဆက်လက်၍ ၀န်ကြီးသည် ရေယူအဆောက်အအုံ တည်ဆောက်ပြီးစီးမှု၊ ဖိအားမြှင့် သံမဏိ ပိုက်လိုင်း တပ်ဆင်မှုနှင့် တပ်ဆင်ပြီး သံမဏိပိုက်လိုင်းများကို ကွန်ကရစ်သွန်းလောင်းပြီးစီးမှုနှင့် ဆက်လက် တပ်ဆင်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

* ထို့နောက် ၀န်ကြီးသည် မြစ်ရေလွှဲခြင်းလုပ်ငန်း၏ Out Fall Channel မှ မြစ်ရေလွှဲထား မှုကြောင့် ရေစီးထွက်နေမှုနှင့် ပတ်ဝန်းကျင်အခြေအနေ၊ ဓါတ်အားပေးစက်ရုံမြေကြီးကျောက်သား တူးဖော်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးသည်။

တည်ဆောက်

* အဆိုပါ ရွှေကျင်ရေအားလျှပ်စစ်စီမံကိန်းသည် စက်တပ်ဆင်အင်အား ၇၅ မဂ္ဂါဝပ်မှ နှစ်စဉ် ပျမ်းမျှ ဓါတ်အားထုတ်လုပ်မှု ကီလိုဝပ်နာရီသန်းပေါင်း ၂၆၂ သန်းခန့် ထုတ်ပေးနိုင်မည်ဖြစ်ပြီး ယခုအခါ စီမံကိန်း တစ်ခုလုံး၏ ၆၃ ဒသမ ၁၇ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။


Print this post
Next previous home