အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနား ကျင်းပ

Posted by MOEP (1)

(နေပြည်တော် ဇူလိုင် ၁၉၊ ၂၀၁၀ခုနှစ်)

  • အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၅ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနရုံး မျက်နှာစာ ရုံးပတ်ဝန်းကျင်နှင့် ဆည်များ၌ကျင်းပရာ အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီးဦးဇော်မင်း၊ ဒုတိယ၀န်ကြီး ဦးမျိုးမြင့်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ၀န်ထမ်းများ တက်ရောက်ကြသည်။
  • ရှေးဦးစွာ ၀န်ကြီး ဦးဇော်မင်း၊ ဒုတိယ၀န်ကြီး ဦးမျိုးမြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများက သတ်မှတ်နေရာတို့၌ အထိမ်းအမှတ် ကံ့ကော်ပင်များကို စိုက်ပျိုးပေးကြသည်။
  • ထို့နောက်ဝန်ကြီး၊ ဒုတိယ၀န်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများသည် ၀န်ထမ်းများ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
  • ယနေ့ ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ သရက်၊ ပိန္နဲ၊ ပိတောက်၊ ရေတမာ၊ မဟော်ဂနီ၊ အုန်း အစရှိသည့် အရိပ်ရပင်၊ နှစ်ရှည်ပင်နှင့် စားပင်၊ သီးပင်ပေါင်း ၃၁၅၀ ကို စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။
  • ဆက်လက်၍ ၀န်ကြီး၊ ဒုတိယ၀န်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ၀န်ထမ်းများသည် ပိတောက်မြောင်တမံ(၃) အနီး၌ ကျင်းပသော အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၁၀ ခုနှစ် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး ပိတောက်မြောင်တမံ(၃)အတွင်းသို့ ငါးမြစ်ချင်း သားပေါက် ၂၀၀၀၀၊ ငါးခုံးမသားပေါက် ၂၀၀၀၀နှင့် ငါးကြင်းရွှေဝါသားပေါက် ၁၆၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၅၆၀၀၀ ကိုမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Print this post
Next previous home