တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာ ၀မ်ကြားပေါင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ

Posted by MOEP (1)

(ရန်ကုန် ဇွန် ၂၊ ၂၀၁၀ခုနှစ်)

  • ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာ ၀မ်ကြားပေါင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၌ ချစ်ကြည်ရေးခရီး လည်ပတ်ရန် ယနေ့ ၃နာရီ ၅မိနစ်တွင် ရန်ကုန်မြို့သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိလာရာ ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးဥာဏ်ဝင်း၊ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဦးဇော်မင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးအောင်သိန်းလင်း၊ သာသနာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး သူရ ဦးအောင်ကို၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာယဲ့တာပိုနှင့် သံရုံးမှ တာဝန်ရှိသူများနှင့် မိသားစုများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက် ကြသည်။
  • ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာဝမ်ကြားပေါင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီးဦးဇော်မင်းနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီး မစ္စတာယဲ့တာပိုတို့ လိုက်ပါလျက် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်(၁) အခြေခံ ပညာ အလယ်တန်းကျောင်းသို့ ရောက်ရှိရာပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်မျိုးမင်း နှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုကြသည်။
  • ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ်မစ္စတာဝမ်ကြားပေါင် ဦးဆောင်သောချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းရှိ ပန်းချီခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ၏ ပန်းချီလက်ရာမွန်များကို ကြည့်ရှုအားပေးကြရာ ကျောင်းသား၊ ကျောင်းသူလေးများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ်မစ္စတာဝမ်ကြားပေါင်ထံ ပန်းချီကားချပ်ကို အမှတ်တရလက်ဆောင် အဖြစ်ပေးအပ်ကြသည်။
  • ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာဝမ်ကြားပေါင် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ကျောင်းဧည့်ခန်းမ၌ အဋ္ဌမတန်းကျောင်းသူ မနှင်းအိနြေ္ဒလင်းက ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း၏ သတင်းအချက်အလက်အကျဉ်းကို ရှင်းလင်းတင်ပြသည်။
  • ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် မစ္စတာဝမ်ကြားပေါင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူလေးများ၏ မြန်မာ့ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်မှုတို့ကို ကြည့်ရှုအားပေးကြပြီး စုပေါင်း၍မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
  • ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာဝမ်ကြားပေါင် အမှာစကား ပြောကြားပြီး ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းအတွက် လှူဒါန်းသည့် ကွန်ပျူတာများစာရင်းကိုပေးအပ်ရာ ကျောင်းအုပ် ဆရာမကြီးဒေါ်စောယုခင်က လက်ခံသည်။
  • ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်မျိုးမင်းက ကျေးဇူးတင် စကားပြောကြားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာ ၀မ်ကြားပေါင်အား ကျောက်စိမ်းပန်းချီကားကို အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်သည်။
  • ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာဝမ်ကြားပေါင် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် ရွှေတိဂုံစေတီတော်သို့ ရောက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ်မစ္စတာဝမ်ကြားပေါင်က စေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်းရှိ ဧည့်သည်တော် မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးကာ စေတီတော်မြတ်ကြီးအား ပန်းများဆက်ကပ်လှူဒါန်းသည်။
  • ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာ ၀မ်ကြားပေါင်သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ သာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး သူရဦးအောင်ကိုက လက်ခံပြီးရွှေတိဂုံစေတီတော် ပုံတော်ကို ဓမ္မဒါနအဖြစ် ပြန်လည်ပေးအပ်သည်။
  • ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာဝမ်ကြားပေါင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် စေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ် လှည့်လည်ကြည်ညိုကြပြီး စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
  • ညပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာဝမ်ကြားပေါင် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ ဆီဒိုးနားဟိုတယ်၌ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာယဲ့တာပို ဦးဆောင်သော သံရုံးဝန်ထမ်းများ၊ ပညာသင်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများအား တွေ့ဆုံသည်။

Print this post
Next previous home