ဝန်ကြီး ဦးဇော်မင်း အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်း ကြည့်ရှုစစ်ဆေး

Posted by MOEP (1)

(နေပြည်တော် မေ ၁၆၊ ၂၀၁၀ခုနှစ်)



* အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီးဦးဇော်မင်းသည် မေ ၁၄ရက် နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနား အရှေ့ဘက် ၂၆ မိုင်အကွာရှိ ပေါင်းလောင်းမြစ်ပေါ်၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အထက် ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းသို့ ရောက်ရှိစစ်ဆေးရာ စီမံကိန်း ရှင်းလင်းဆောင်၌ ညွှန်ကြားရေးမှူးက စီမံကိန်းတစ်ခုလုံး၏ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအခြေအနေ၊ အဓိကပံ့ပိုးပစ္စည်းများရရှိမှုနှင့် လိုအပ်ချက် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇော်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

* ထို့နောက် ၀န်ကြီးက လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းပေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် လုပ်ငန်းတစ်ခုချင်းအလိုက် အချိန်ကာလများ သတ်မှတ်ဆောင်ရွက်ရေးကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် ၀န်ကြီးသည် ကျောက်ထုတ်စခန်း၌ စက်ယန္တရားကြီးများဖြင့် ကျောက်များတူးဖော်နေမှု၊ Crushing Plant ရှိ ခွဲကျောက်များ စုဆောင်းထားရှိမှုနှင့် ခင်းကျင်းပြသထားသည့် ခွဲကျောက် နမူနာများကိုလည်းကောင်း၊ EL.(378-m) ရှိ ရှုရပ်မှ စီမံကိန်းလုပ်ငန်းခွင်အတွင်းရှိ ပင်မတမံ မြေကြီး ကျောက်သား တူးဖော်နေမှု၊ ဓာတ်အားပေးစက်ရုံမြေနေရာ၊ မြေကြီးကျောက်သား တူးဖော်ပြီးစီးမှုနှင့် ဆွဒ်ယာဒ် တည်ဆောက်မည့်နေရာ၊ SeparationWall (ရေကာကွန်ကရစ်နံရံ) တည်ဆောက်ပြီးစီးမှုနှင့် Bottom Outlet Levelling Concrete လုပ်ငန်းဆောင်ရွက်နေမှု တို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

* ဆက်လက်၍ ပင်မတမံ Block-15- Levelling Concrete သွန်းလောင်းပြီးစီးမှုနှင့် Block - 16 - LevellingConcrete သွန်းလောင်းရန် ပြင်ဆင်နေမှု၊ High Tech Concrete Technology Co., Ltd. မှ RCC Full Scale Tria ပြုလုပ်မည့်နေရာ ပြင်ဆင်ထားရှိမှုအခြေအနေနှင့် RCC ကွန်ကရစ်ဖျော်စက် တပ်ဆင်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

* ထို့နောက် ၀န်ကြီးသည် မွန်းလွဲပိုင်းတွင် နန်ချို ရေအားလျှပ်စစ် စီမံကိန်းသို့ ရောက်ရှိပြီး ဓာတ်အားပေးစက်ရုံ မြေနေရာအား စက်ယန္တရားကြီးများဖြင့် မြေကြီးကျောက်သားတူးဖော်နေမှု၊ ဆွဒ်ယာဒ်တည်ဆောက်မည့်နေရာ ရှင်းလင်းထားရှိမှုတို့ကို လည်းကောင်း၊ ရေထိန်းကန် ကွန်ကရစ်သွန်းလောင်းပြီးစီးမှု၊ ဆလူချောင်း ၀ဲဘက်ကမ်းရှိ ရေသွယ်ဥမင်လိုဏ်အပိုင်း(၂) အထွက်ပိုင်း ဥမင်လိုဏ်တူးဖော်နေမှုနှင့် တူးဖော်ပြီးစီးမှု၊ ကျန်ရှိမှု၊ရေတံလျှောက် (P-1 & 2) ကွန်ကရစ်လုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် ရေသွယ်ဥမင်လိုဏ်အပိုင်း (၁)၊ ဥမင်လိုဏ် တူးဖော်ပြီးစီးမှုအား Lining Concrete လုပ်ငန်းဆောင်ရွက်ပြီးစီးမှု တို့ကိုလည်းကောင်း၊ ရေယူအဆောက်အအုံနှင့် ရေထိန်းတမံကွန်ကရစ် သွန်းလောင်းပြီးစီးမှု၊ ကျန်ရှိမှုနှင့် သွန်းလောင်းရန် ပြင်ဆင်နေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသတင်းရရှိသည်။


Print this post
Next previous home