ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း ၀န်ကြီး ဦးဇော်မင်း ကြည့်ရှုစစ်ဆေး

Posted by MOEP (1)

(နေပြည်တော် မေ ၁၀၊ ၂၀၁၀ခုနှစ်)

* အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီးဦးဇော်မင်းသည် မေ ၉ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့ အရှေ့တောင်ဘက် ၃၁ မိုင်ခန့်အကွာ ရဲ-ယမန်းရွာအနီးရှိ ရဲရွာရေအားလျှပ်စစ်  စီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း တမံယာဘက်ကမ်း ရှုရပ်မှနေ၍ Spillway လုပ်ငန်းဆောင်ရွက်ပြီးစီးမှု Switchyard Protection Wall လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လည်းကောင်း၊ ပင်မတမံပေါ်သို့ ရောက်ရှိပြီး တမံအတွင်း ရေ၀င်ရောက်နေမှုနှင့် ရေသိုလှောင်ထားရှိမှု အခြေအနေတို့ကို လည်းကောင်း Tailrace Channel & Training Wall လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကိုလည်းကောင်း၊ မြစ်အထက်ပိုင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

* ထို့နောက် တမံဝဲဘက်ကမ်းမှနေ၍ စီမံကိန်းလုပ်ငန်းခွင်အတွင်းရှိ ပင်မတမံ တည်ဆောက် ပြီးစီးမှု၊ ဖိအားမြှင့်သံမဏိပိုက်လိုင်း တပ်ဆင်ပြီးစီးမှုနှင့် ဓာတ်အားပေးစက်ရုံ Decoration လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

* ယင်းနောက် ဓာတ်အားပေးစက်ရုံအတွင်း Unit No. (1), Machine Bay လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် Unit No.(2), Unit No. (3), Unit No. (4) တို့အား စက်မှုလျှပ်စစ်တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ အမှတ်(၁)စက်မှ ဓာတ်အားပို့လွှတ်နေမှုကိုလည်းကောင်း၊ ဓာတ်အားပေး စက်ရုံအတွင်း Decoration Workများ ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း၊Tailrace Channel မှ ရေထုတ်လွှတ်မှု အခြေအနေ တို့ကို လည်းကောင်း ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

Print this post
Next previous home