အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

Posted by MOEP (1)

(နေပြည်တော် မတ် ၁၄)

* အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၁၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်း တက်ရောက် အမှာစကား ပြောကြားသည်။

* လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတယ၀န်ကြီး ဦးမျိုးမြင့်၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တည်ဆောက်ရေး ညွှန်ကြားရေးမှူးများနှင့် ဓာတ်အားပေးစက်ရုံများမှ စက်ရုံမှူးများ တက်ရောက်ကြသည်။

* လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ၀န်ကြီးက အမှာစကားပြောကြားပြီး တည်ဆောက်ရေး ညွှန်ကြားရေးမှူး များက ရေအားလျှပ်စစ်စီမံကိန်း တစ်ခုချင်းစီ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း များ၏ အသေးစိတ် အစီအစဉ်များကိုလည်းကောင်း၊ စီမံကိန်းလုပ်ငန်းသုံး ပစ္စည်းများ ရရှိမှုနှင့် လိုအပ်ချက်များကိုလည်းကောင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ စက်ရုံမှူးများက လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု နှင့် စက်စွမ်းအားပြည့် ထုတ်လုပ်မည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

* ယင်းနောက် ဒုတိယ၀န်ကြီး ဦးမျိုးမြင့်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများက ဖြည့်စွက်ရှင်းလင်း တင်ပြကြရာ ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းက လိုအပ်သည်များ ဖြည့်ဆည်းမှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ ညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။



Print this post
Next previous home