ဝန်ကြီး ဗိုလ်မှူးကြီးဇော်မင်း နန်ချိုရေအားလျှပ်စစ်စီမံကိန်း ကြည့်ရှု စစ်ဆေး

Posted by MOEP (1)

(နေပြည်တော် မတ် ၇)

* အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း နေပြည်တော် ပျဉ်းမနား၏ အရှေ့ဘက် (၁၆) မိုင်ခန့်အကွာ ပေါင်းလောင်းမြစ်အတွင်းသို့ စီးဝင်သော နန်ချိုချောင်းဆုံနေရာ၏ အထက်ဘက် ခုနှစ်မိုင်ခန့်အကွာရှိ နန်ချို ရေအားလျှပ်စစ် စီမံကိန်းသို့ မတ် ၄ ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိသည်။

* ရှေးဦးစွာ ရှင်းလင်းဆောင်၌ တည်ဆောက်ရေးညွှန်ကြားရေးမှူး ဦးသောင်းဟန်က စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ၀န်ကြီးက လိုအပ်ချက်များကို ဖြည့်ဆည်း၍ စီမံကိန်း လုပ်ငန်းများ အချိန်တိုအတွင်းပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ကြရေး မှာကြားသည်။ ထို့နောက် ၀န်ကြီးသည် ပင်မတမံ အောက်ခြေမြေကြီးကျောက်သား တူးဖော်နေမှုနှင့် တမံယာဘက်ကမ်း မြေကြီးကျောက်သားတူးဖော်နေမှု၊ ကွန်ကရစ်လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဓာတ်အားပေးစက်ရုံ မြေနေရာ သဘာဝပိုဇိုလန် ကုန်ချောများသိုလှောင်ရန် သိုလှောင်ရုံများ တည်ဆောက်မည့် နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။

* အဆိုပါ နန်ချိုရေအားလျှပ်စစ်စီမံကိန်းသည် မဂ္ဂါဝပ် ၂၀ ရှိ စက်နှစ်လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၄၀ မှ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း ၁၅၂ သန်းခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး ယခုအခါ စီမံကိန်းတစ်လုံး ၃၀ ဒသမ ၅၂ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

Print this post
Next previous home