အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်း ကြည့်ရှုစစ်ဆေး

Posted by MOEP (1)

(နေပြည်တော် မတ် ၅၊ ၂၀၀၉ ခုနှစ်)

* အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ၏ အထက်ဘက် ၁၅ မိုင်ခန့်အကွာ အမှတ်(၁) တည်ဆောက်ရေးက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိပြီး ရှုရပ်မှ စီမံကိန်းလုပ်ငန်းခွင်အတွင်း စက်ယန္တရားကြီးများဖြင့် လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုကာ ယာယီရေတားတမံ တည်ဆောက်ပြီးစီးမှုနှင့် ပင်မတမံ တည်ဆောက်မည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။

* ထို့နောက် ၀န်ကြီးသည် ရေကာကွန်ကရစ်နံရံ (Separation Wall) တည်ဆောက်မည့်နေရာကို စိန်လွန်ကျင်း တူးဖော်နေမှုနှင့် စက်ယန္တရားကြီးများဖြင့် မြေကြီးကျောက်သားများ တူးဖော်နေမှု တို့ကိုလည်းကောင်း၊ ဓာတ်အားပေးစက်ရုံ (Power House) မြေနေရာ မြေကြီး ကျောက်သား တူးဖော်နေမှုတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

* ယင်းနောက် ၀န်ကြီးသည် High Tech ကုမ္ပဏီက တာဝန်ယူတည်ဆောက်မည့် RCC Plant နေရာ၌ RCC Batching & Mixing Plant Foundation လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှု၊ တမံဝဲဘက်ကမ်းမှ ရေလွှဲဥမင် ရေလွှဲထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

* အဆိုပါ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းသည် မဂ္ဂါဝပ် ၇၀ ရှိ ဖရန်စစ်တာဘိုင် (Francis Vertical Shaft) အမျိုးအစား စက်နှစ်လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၁၄၀ မှ နှစ်စဉ်ပျမ်းမျှ ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၄၅၄ သန်း ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး ယခုအခါ စီမံကိန်း တစ်ခုလုံး ၃၁ ဒသမ ၅၈ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

Print this post
Next previous home