ဝန်ကြီးဗိုလ်မှူးကြီးဇော်မင်းအား တရုတ် ဧည့်သည်အဖွဲတွေ့ မေခ၊ မလိခ မြစ်ဝှမ်း နှင့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းများ ဆွေးနွေး

Posted by MOEP (1)

(နေပြည်တော် ဖေဖော်ဝါရီ ၂၇၊ ၂၀၀၉ ခုနှစ်)

* အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ China Power Investment Coporation (CPI)မှ Vice President, Mme. ZHANG Xiaolu နှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းက နေပြည်တော်ရှိ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။

ဆွေးနွေး

* ထိုသို့ တွေ့ဆုံရာတွင် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းတို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ Department of International Cooperation (NEA) မှ Division Chief, Mr. LIU Deshun နှင့် China Power Investment Coporation (CPI)မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မေခ၊ မလိခမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သိရသည်။


Print this post
Next previous home