(ရန်ကုန် ဒီဇင်ဘာ ၃)

* ထို့နောက် ၀န်ကြီးအား စီမံကိန်းရှင်းလင်းဆောင်၌ အမှတ်(၁)တည်ဆောက်ရေး ညွှန်ကြားရေးမှူး ဦးသောင်းဟန်က စီမံကိန်းတစ်ခုလုံး၏ လုပ်ငန်းတစ်ခုချင်းအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏများနှင့် လက်ရှိဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် အဓိက ပံ့ပိုးပစ္စည်းရရှိမှု လိုအပ်ချက် အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကြည်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
မှာကြား
* ယင်းနောက် ၀န်ကြီးက လုပ်ငန်းခွင် သုံးပစ္စည်းများ စုဆောင်းထားရှိရေးနှင့် လုပ်ငန်းများ လျာထားချက်ထက် အချိန်တိုတွင်း အမြန်ပြီးစီးအောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရေးတို့ကို မှာကြားသည်။ပြီးစီးနေ
* အဆိုပါ နန်ချိုရေအားလျှပ်စစ်စီမံကိန်းသည် စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၄၀ မှ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၅၂ သန်းခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၂၄ ဒသမ ၁၈ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။