ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန နှင့် ဆွစ်ဇာလန်နိုင်ငံ Conlenco Power Engineering Limited တို့ လက်မှတ်ရေးထိုး

Posted by MOEP (1)

(နေပြည်တော် အောက်တိုဘာ ၃၁)


* အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန နှင့် ဆွစ်ဇာလန်နိုင်ငံ Conlenco Power Engineering Limited တို့ In-House Engineering Services အတွက် Agreement of Consulting Services လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာ ၂၉ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဖွင့်အမှာစကား

* အစီအစဉ်အရ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းက အဖွင့် အမှာစကား ပြောကြားသည်။

*
ဆက်လက်၍ Conlenco Power Engineering Limited မှ Vice President, Mr. Jeans Francois Belin က လက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

* ယင်းနောက် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ်အကောင်အထည်ဖော် ရေးဦးစီးဌာနနှင့် ဆွစ်ဇာလန်နိုင်ငံ Conlenco Power Engineering Limited တို့မှ တာဝန်ရှိသူများက စာချုပ်ကို လက်မှတ်ရေးထိုးကြပြီး အပြန်အလှန် လဲလှယ်ကြသည်။

လက်မှတ်ရေးထိုး

* အဆိုပါ အခမ်းအနားသည် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန နှင့် ဆွစ်ဇာလန်နိုင်ငံ Conlenco Power Engineering Limited တို့ ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် Agreement of Consulting အတွက် လက်မှတ်ရေးထိုးကြခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။


Print this post
Next previous home