ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်းမှ စက်တစ်လုံး စတင် မောင်းနှင် ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့နယ်များ လျှပ်စစ်မီး အပြည့်အ၀ ပေးနိုင်ပြီ

Posted by MOEP (1)

(နေပြည်တော် နိုဝင်ဘာ ၆)


* အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းသည် နိုဝင်ဘာလ ၂ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့၏ အရှေ့မြောက်ဘက် မိုင် ၃၀ ခန့်အကွာ နမ့်တိန်ချောင်းပေါ်ရှိ ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိရာ ရှင်းလင်းဆောင်၌ တည်ဆောက်ရေး (၇) ညွှန်ကြားရေးမှူး ဦးစန်းဝေက ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ များကို ရှင်းလင်းတင်ပြပြီး ၀န်ကြီးက ဤစီမံကိန်းသည် မကြာမီပြီးစီးမည်ဖြစ်၍ စက်တပ်ဆင်အား ၅၂ မဂ္ဂါဝပ်ရှိမည့် အထက်ကျိုင်းတောင်း စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် တည်ဆောက်ရမည် ဖြစ်ကြောင်း၊ ယခုအခါ ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့အတော်များများကို လျှပ်စစ်မီးအပြည့်အ၀ပေးနိုင်ပြီ ဖြစ်ကြောင်း ပြောကြားသည်။
ဂုဏ်ပြုလက်ဆောင်
* ထို့နောက် ၀န်ကြီးသည် ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းကို ကြည့်ရှုစစ်ဆေးပြီး တရုတ် ပညာရှင်များနှင့် စက်ရုံမှူးတို့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။ ယခုအခါ ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းမှ စက်တစ်လုံး စတင်မောင်းနှင် ဓာတ်အားထုတ်လုပ်ပေးနေပြီး မြန်မာ့ လျှပ်စစ်ဓာတ်အား လုပ်ငန်းမှ ကျိုင်းတောင်း၊ လင်းခေး၊ မိုင်းပန်၊ မိုးနဲ၊ မောက်မယ်၊ နမ့်ခမ်၊ လွိုင်လင်၊ မိုင်ပွန်၊ ပင်လုံ၊ လဲချား၊ ဟိုပုံးနှင့် တောင်ကြီးမြို့များသို့ လျှပ်စစ်မီး ၂၄ နာရီ ဖြန့်ဖြူးပေးနိုင်ပြီဖြစ်သည့်အပြင် ကျိုင်းတောင်း ရေအားလျှပ်စစ်စစီမံကိန်းသည် လျှပ်စစ်စက်တပ်ဆင်အား ၅၄ မဂ္ဂါဝပ်ဖြစ်၍ စီမံကိန်း တစ်ခုလုံး မကြာခင်ပြီးစီးတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Print this post
Next previous home