ဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံ သံအမတ်ကြီး နှင့်အဖွဲ့ တွေ့ဆုံ

Posted by MOEP (1)

(နေပြည်တော် စက်တင်ဘာ ၁၉ ၂၀၀၈ ခုနှစ်)

* အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းအား ပြည်ထောင်စု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Bhaskar Kumar Mitra နှင့် National Hydroelectric Power Corporation Limited (NHPC) မှ Chairman and Managing Director. Mr.S.K.Gorg နှင့်အဖွဲ့သည် စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက နေပြည်တော်ရှိ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

* ထိုသို့တွေ့ဆုံရာ၌ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြ သည်။ ထို့နောက် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာနနှင့် အိန္ဒိယ သမ္မတနိုင်ငံ National Hydroelectric Power Corporation Limited (NHPC) တို့ ပူးပေါင်း ဆောင်ရွက်ကြမည့် ထမံသီ ရေအားလျှပ်စစ် စီမံကိန်းနှင့် ရွှေစာရေးရေအားလျှပ်စစ်စီမံကိန်းတို့ အတွက် နှစ်ဖက်နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်...click ပါ
တက်ရောက်
* အဆိုပါအခမ်းအနားသို့ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း၊ အမှတ်(၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်လှထွန်း၊ ရှေ့နေချုပ် ဦးအေးမောင်၊ ဒုတိယရှေ့နေချုပ်၊ ဒုတိယ ၀န်ကြီးများ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Bhaskar Kumar Mitra ၊ Ministry of Power မှ Joint Secretary Mr. Jayant Kawale နှင့် National Hydroelectric Power Corporation Limited (NHPC) မှ Chairman and Managing Director, Mr. S.K. Gorg နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။အခမ်းအနားအစီအစဉ်အရ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းက နှုတ်ခွန်းဆက်စကားပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စု မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Bhaskar Kumar Mitra က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

လက်မှတ်ရေးထိုး
* ထို့နောက် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အိန္ဒိယသမ္မတနိုင်ငံ National Hydroelectric Power Corporation Limited (NHPC) မှ Chairman တို့က နှစ်ဖက်နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုးကြပြီး စာချုပ်များကို အပြန်အလှန်လဲလှယ်ကြသည်။

အကောင်အထည်ဖော်

* ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံ National Hydroelectric Power Corporation Limited (NHPC) တို့သည် ချင်းတွင်းမြစ်ပေါ်ရှိ ထမံသီရေအား လျှပ်စစ်စီမံကိန်းနှင့် ရွှေစာရေး ရေအားလျှပ်စစ်စီမံကိန်းတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးကြခြင်းဖြစ်ကြောင်း သိရသည်။


Print this post
Next previous home