ကွန်းချောင်း ရေအား လျှပ်စစ်စီမံကိန်း ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်း ကြည်ရှုစစ်ဆေး

Posted by MOEP (1)


(နေပြည်တော် စက်တင်ဘာ ၁၄
)

* အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းသည် စက်တင်ဘာ (၁၂)ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်း၊ ဖြူးမြို့၊ အနောက်တောင်ဘက် ကိုးမိုင်ခန့်အကွာ ကွန်းချောင်းပေါ်၌ အမှတ်(၃)တည်ဆောက်ရေးမှ တည်ဆောက်အကောင်အထည်ဖော်လျက်ရှိသော ကွန်းချောင်း ရေအား လျှပ်စစ်စီမံကိန်းသို့ ရောက်ရှိပြီး ဓါတ်အားပေးစက်ရုံမြေနေရာ မြေကြီးကျောက်သားတူးဖော်ပြီးစီးမှု၊ ရေထိန်းဆည် EL-147m ထိ ကွန်ကရစ်သွန်းလောင်းပြီးစီးမှု၊ ပင်မတမံ EL-151.5 m အထိ တမံဖို့နေမှု၊ ရေပိုလွှဲ Spillway တည်ဆောက်ပြီးစီးမှု၊ ရေထိန်းမျှော်စင်တည်ဆောက်ပြီးစီးမှုနှင့် ရေယူအဆောက်အအုံ Power Intake ရှိ သံထည်ပစ္စည်းများ တပ်ဆင်နေမှုတို့ကို ကြည်ရှုစစ်ဆေးသည်။

* ယခုအခါ ကွန်းချောင်းရေအားလျှပ်စစ်စီမံကိန်းသည် ၆၉ ဒသမ ၁၉ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပြီး စီမံကိန်းပြီးစီးပါက စက်တပ်ဆင်အင်အားမဂ္ဂါဝပ် ၆၀ မှ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၉၀ ထုတ်လုပ်ပေးနိုင်မည့် စီမံကိန်းဖြစ်ကြောင်းသိရှိရသည်။

Print this post
Next previous home