သဘာဝ ပိုဇိုလန်ထုတ်လုပ်ရေးစက်ရုံ ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း ကြည့်ရှုစစ်ဆေး

Posted by MOEP (1)


(နေပြည်တော်၊ စက်တင်ဘာလ ၃)

* အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းသည် တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာ ၁ ရက် ညနေပိုင်းတွင် မန္တလေးတိုင်း၊ ပုပ္ပါးမြို့မှ နှစ်မိုင်ခန့်အကွာ ငါးရန့်ကုန်း ရွာအနီးရှိ သဘာဝ ပိုဇိုလန်ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိပြီး စက်ရုံရှင်းလင်းဆောင်၌ ၀န်ကြီးအား စက်ရုံမှူး ဦးကြည်ထွန်းက တစ်နေ့လျှင် တန် ၅၀၀ ကျ သဘာဝ ပိုဇိုလန်စက်ရုံသစ် တည်ဆောက်ပြီးစီးမှု နှင့် Performance Test စမ်းသပ်မောင်းနှင်ထုတ်လုပ်မှု၊ ကုန်ကြမ်းရရှိမှု၊ သိုလှောင်စုဆောင်းထားရှိမှုနှင့် ကုန်ချောထုတ်လုပ်မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ၀န်ကြီးက လိုအပ်ချက်များ ရှင်းလင်းမှာကြား သည်။

* ဆက်လက်၍ ၀န်ကြီးသည် စက်ရုံသစ်အတွင်း၌ ကွန်ပျူတာစနစ်ဖြင့် Performance Test စမ်းသပ်မောင်းနှင်နေမှု၊ Ball Mail များ လည်ပတ်မောင်းနှင်နေမှုနှင့် စက်တပ်ဆင်ပြီးစီးမှုတို့ကို ကြည့်ရှု စစ်ဆေးပြီးတာဝန်ရှိသူများအား စက်များကို စနစ်တကျ ထိန်းသိမ်းမောင်းနှင်ရေး မှာကြားသည်။

* ထို့နောက် ၀န်ကြီးသည် ကုန်ချောများ ထည့်သိုနေမှု၊ ကုန်ချောများကို ထုတ်ပိုးခွံများဖြင့် စနစ်တကျ ထုတ်ပိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှူးနှင့် တာဝန်ရှိသူများအား စက်စွမ်းပြည့် လည်ပတ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရေး၊ အရည်အသွေးများ စစ်ဆေးကြပ်မတ်ရေး၊ အလေ အလွင့်နည်းပါးရေး၊ စက်ရုံပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးတို့ကို မှာကြားကာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Print this post
Next previous home