နန်ချိုနှင့် အထက်ပေါင်းလောင်း စီမံကိန်းများ ဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်း ကြည့်ရှုစစ်ဆေး

Posted by MOEP (1)

(နေပြည်တော် ဖေဖော်ဝါရီ ၃)


* အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းသည် တာဝန်ရှိသူများ လိုက်ပါ၍ ဖေဖော်ဝါရီ (၂) ရက်နေ့ နံနက်ပိုင်းတွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန အမှတ်(၁) တည်ဆောက်ရေးက နေပြည်တော် ပျဉ်းမနား၏ အရှေ့ဘက် (၁၆)မိုင်အကွာ နန်ချိုချောင်းပေါ်၌ တည်ဆောက် အကောင်အထည် ဖော်လျက်ရှိသော စက်တတ်ဆင်အင်အား ၄၀ မဂ္ဂါဝပ် ရှိမည့် နန်ချိုရေအားလျှပ်စစ် စီမံကိန်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

* နန်ချိုရေအားလျှပ်စစ် စီမံကိန်းသည် ယခုအခါ ၁၇.၀၃ ရာခိုင်နှုံး ပြီးစီးနေပြီဖြစ်သည်။

* ထိုမှတစ်ဆင့် ဝန်ကြီးသည် နေပြည်တော်ပျဉ်းမနား အရှေ့ဘက် ၂၆ မိုင်အကွာ ပေါင်းလောင်းမြစ်ပေါ်၌ တည်ဆောက်လျက်ရှိသော စက်တတ်ဆင်အင်အား မဂ္ဂါဝပ် ၁၄၀ ရှိမည့်အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းကို ကြည့်ရှုစစ်ဆေးခဲ့သည်။

Print this post
Next previous home