ရွှေလီ(၃) ရေအားလျှပ်စစ် စီမံကိန်း ၀န်ကြီးဗိုလ်မှူးကြီး ဇော်မင်း ကြည့်ရှုစစ်ဆေး

Posted by MOEP (1)

(နေပြည်တော် မတ် ၉၊ ၂၀၁၀ခုနှစ်)



* အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးကြီးဇော်မင်းသည် ဒုတိယ၀န်ကြီးဦးမျိုးမြင့်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မတ် ၇ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့နယ်အတွင်း တည်ဆောက် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရွှေလီ(၃) ရေလှောင်တမံ စီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ စီမံကိန်းယာယီရှင်းလင်းဆောင်၌ အမှတ်(၂) တည်ဆောက်ရေးမှ ညွှန်ကြားရေးမှူးဦးနေမျိုးဝင်းက စီမံကိန်းချဉ်းကပ်လမ်းများဖြစ်သော တွင်းငယ်-မိုးမိတ်လမ်းပိုင်းပြုပြင်ပြီးစီးမှု၊ တမံနေရာသို့ ချဉ်းကပ်လမ်း ဖောက်လုပ်ပြီးစီးမှု၊ ကျောက်တောင်ရွာနှင့် တမံနေရာ လမ်းပိုင်းပြုပြင်နေမှု၊ မန္တလေးဝါးဖြူတောင်-မိုးမိတ်လမ်း၊ မိုးမိတ်နှင့် ရွှေလီ(၃) တမံနေရာကြား လမ်းပေါ်ရှိ တံတားများခံနိုင်ဝန်အခြေအနေ၊ ရွှေလီ(၃) ရေအားလျှပ်စစ်စီမံကိန်း အခြေစိုက်စခန်းများ တည်ဆောက်မည့်နေရာ၊ ရွှေလီမြစ်ပေါ်ရှိ ရေအားလျှပ်စစ် စီမံကိန်းများ၏ အခြေအနေ၊ ရေအားလျှပ်စစ် အဆောက်အအုံ ဖြတ်ပိုင်းပုံအခြေအနေ၊ လျာထားတမံရွေးချယ်ထားမှု၊ တမံအူကြောင်း တိုင်းတာ ဆောင်ရွက်ထားမှုနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များ နှိုင်းယှဉ်မှုအခြေအနေတို့ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး(ဘူမိ) ဦးကျော်ငြိမ်းက စီမံကိန်းဧရိယာ အခြေခံဘူမိဗေဒအခြေအနေနှင့် တမံ၏ Plan View ဘူမိဗေဒအခြေအနေ၊ လုပ်ငန်းဆောင်ရွက်မည့် အခြေအနေနှင့် မြေစမ်းကျင်း၊ စိန်လွန်တွင်းတူး၍ အောက်ခံကျောက်သားအခြေအနေ လေ့လာထားရှိမှုတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

* ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ၀န်ကြီးက လိုအပ်သည်များကို တာဝန်ရှိသူများအား ညှိနှိုင်းဆောင်ရွက်ပေးပြီး လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။

* ယင်းနောက် ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းသည် တမံ၏၀ဲဘက်ကမ်းရှိ ရှုရပ်မှ လျာထားတမံအူကြောင်း တိုင်းတာ ဆောင်ရွက်ထားရှိမှုနှင့် တမံဝဲဘက်ကမ်း စိန်လွန်တွင်း တူးဖော်နေမှုတို့ကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။

Print this post
Next previous home