ဝန်ကြီး ဦးဇော်မင်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Guodian Corporation မှ Vice President နှင့် အဖွဲ့ လာရောက်တွေ့ဆုံ

Posted by MOEP (1)

(နေပြည်တော် ဧပြီ ၂၉၊ ၂၀၁၀ခုနှစ်)


  • အမှတ် (၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဦးဇော်မင်းအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ China Guodian Corporationမှ Vice President Mr. Gao Songနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ကြသည်။
  • ထိုသို့ တွေ့ဆုံရာတွင် ၀န်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Guodian Yunnan Power Co., Ltd. မှ General Manager, Mr. Li Hongyuan? Tun Thwin Mining Co., Ltd. ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

Print this post
Next previous home