ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ

Posted by MOEP (1)

(နေပြည်တော် ဧပြီ ၂၄)


* အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ရေအားလျှပ်စစ်စီမံရေးဦးစီးဌာန၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ SinoHydro Corporation Limited၊ ထိုင်းနိုင်ငံ EGAT International Co., Ltd နှင့် International Group of Entepreneur Company Limited တို့ ဟတ်ကြီးရေအားလျှပ်စစ် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် သဘောတူညီမှုစာချွန်လွှာ (Memorandum of Agreement) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
* အဆိုပါ အခမ်းအနားသို့ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်း၊ ရှေ့နေချုပ် ဦးအေးမောင်၊ ဒုတိယ ရှေ့နေချုပ်နှင့် ဒုတိယ ၀န်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Sino Hydro Corporation Limited မှ Vice President Mr. Shen Decai၊ ထိုင်းနိုင်ငံ EGAT International Co.,Ltd မှ Deputy Governor Mr. Wirash Kanchanapibul နှင့် တာဝန်ရှိသူများ International Group of Entrepreneur Company Limited ဥက္ကဌ့ ဦးနေအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
* ရှေးဦးစွာ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်း က အဖွင့် အမှာစကား ပြောကြားသည်။
* ထို့နောက် EGAT International Co.,Ltd မှ Deputy Governor Mr. Wirash Kanchanapibul က သဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားသည်။
* ယင်းနောက် အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရေအားလျှပ်စစ် စီမံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကြီးစိုး နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Sino Hydro Corporation Limited မှ Vice President Mr. Shen Decai၊ ထိုင်းနိုင်ငံ EGAT International Co.,Ltd မှ Deputy Governor Mr. Wirash Kanchanapibul နှင့် International Group of Entrepreneur Company Limited မှ တာဝန်ရှိသူတို့က သဘောတူညီမှု စာချွန်လွှာများကို လက်မှတ်ရေးထိုးကြပြီး အပြန်အလှန် လဲလှယ်ကြကာ အမှတ်တရ စုပေါင်း ဓါတ်ပုံရိုက်ကြကြောင်း သိရသည်။


Print this post
Next previous home