ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲ လျှပ်စစ်(၁)၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း အမှာစကားပြောကြား

Posted by MOEP (1)

(နေပြည်တော် ဖေဖော်ဝါရီ ၈၊ ၂၀၁၀ခုနှစ်)
  • အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာန (ပေါင်းလောင်း) ၏ ကွန်ပျူတာ အခြေခံသင်တန်း အမှတ်စဉ်(၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဌာန သင်တန်းကျောင်းခန်းမဆောင်၌ ကျင်းပရာ အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးကြီးဇော်မင်း တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
  • အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ၀န်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းဌာနတို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူ ၃၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တလေးပတ် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Print this post
Next previous home