မြစ်ကြီးနားမြို့နယ်၌ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်း စတင်ခြင်း အခမ်းအနားကျင်းပပြုလုပ်

Posted by MOEP (1)

  • (၂၁.၁၂.၂၀၀၉) ရက်နေ့တွင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်း စတင်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးအသင်း တွဲဖက်အထွေထွေ အတွင်းရေးမှူး၊ အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဋ္ဌာန၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း၊ ပြည်ခိုင်ဖြိုး အသင်း ဗဟိုအတွင်းရေးမှူး၊ ကချင်ပြည်နယ်တာဝန်ခံ၊ ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်း ၀န်ကြီးဋ္ဌာန၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်တို့သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်း နှင့်အဖွဲ့သည် တက်ရောက်ခဲ့ကြသည်။
  • အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံ၊ CPI ကုမ္ပဏီဥက္ကဋ္ဌ မစ္စတာလုချိချုံးနှင့် အဖွဲ့ဝင်များ၊ ယူနန်ပြည်နယ်ဒုဥက္ကဋ္ဌ မစ္စတာကျွမ်းဝှါ၊ တရုတ်နိုင်ငံ စီးပွား/ကူးသန်းဝန်ကြီးဋ္ဌာန ဒုညွှန်မှူးနှင့် အေရှားဝေါလ်ကုမ္ပဏီ ဒါရိုက်တာဦးထွန်းမြင့်နိုင်၊ ပြည်နယ်အဆင့် ဋ္ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့ တိုင်းရင်းသား/ တိုင်းရင်းသူများ၊ ဒေသခံ ပြည်သူများ၊ ပြည်နယ်/ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးအသင်း အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ စုစုပေါင်းအင်အား (၇၅၀)ဦးခန့်တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

Print this post
Next previous home