လျှပ်စစ်(၁)၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်း ရဲရွာရေလှောင်တမံ စီမံကိန်းစစ်ဆေး

Posted by MOEP (1)

(နေပြည်တော် နိုဝင်ဘာ ၁၂၊၂၀၀၉ )

  • အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းသည် နိုဝင်ဘာ ၉ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ အရှေ့တောင်ဘက် ၃၁မိုင်အကွာ ရဲ-ယမန်းရွာအနီး မြစ်ငယ်မြစ်ပေါ်၌ အမှတ်(၂)တည်ဆောက်ရေးက အကောင်အထည်ဖော် ဆောင်ရွက်နေသော ရဲရွာရေလှောင်တမံ စီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ စီမံကိန်းရှင်းလင်းဆောင်၌ တည်ဆောက်ရေး ညွှန်ကြားရေးမှူးဦးနေမျိုးဝင်းက စီမံကိန်းလုပ်ငန်းခွင်အတွင်း ဆောင်ရွက်ပြီးစီးပြီဖြစ်သော ရေလွှဲဥမင်လိုဏ်လုပ်ငန်း၊ ရေလွှဲဥမင်လိုဏ်အ၀င်အထွက်လုပ်ငန်း၊ (R.C.C) ပင်မတမံလုပ်ငန်း၊ ရေပိုလွှဲလုပ်ငန်းနှင့် ရေယူအဆောက်အအုံ လုပ်ငန်းအခြေအနေများကိုလည်းကောင်း၊ ဆောင်ရွက်ဆဲ လုပ်ငန်းများဖြစ်သော ဖိအားမြှင့်သံမဏိပိုက်လိုင်း တပ်ဆင်ခြင်းလုပ်ငန်း၊ ဓာတ်အားပေး စက်ရုံဆောက်လုပ်ခြင်းလုပ်ငန်း၊ ရေထုတ်မြောင်းလုပ်ငန်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ရဲရွာတမံ စတင်ရေသိုလှောင်ရန်အတွက် စီစဉ်ထားသော လုပ်ငန်းအဆင့်ဆင့်ကိုလည်းကောင်း ရှင်းလင်း တင်ပြပြီး ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇော်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
  • ထို့နောက် ၀န်ကြီးသည် တမံရေသိုလှောင်မှုအစီအစဉ်အတွက် Up Stream ရှိ Diversion Tunnel No.2 Gate တံခါးချရန် အဆင်သင့်အနေအထား ပြင်ဆင်နေမှုနှင့် Diversion Tunnel No.1 မှ ရေလွှတ်ထုတ်ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
  • ယင်းနောက် တမံယာဘက်ကမ်းနှင့် ၀ဲဘက်ကမ်းတို့ကို ဆက်သွယ်ထားသော ရေပိုလွှဲတံတား ဆောက်လုပ်ပြီးစီးမှု၊ ပင်မတမံ တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဓာတ်အားပေး စက်ရုံအတွင်း Unit-1 Rotorလုပ်ငန်းများ ဆောင်ရွက်နေမှု၊ Statorလုပ်ငန်းဆောင်ရွက်နေမှုနှင့် Decoration works အပိုင်းများ ပြုလုပ်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
  • ဆက်လက်၍ Switch Yard တည်ဆောက်နေမှုနှင့် ရေထုတ်မြောင်းလုပ်ငန်း ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

Print this post
Next previous home