အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်း ရွှေကျင်ရေလှောင်တမံ စီမံကိန်းလုပ်ငန်းများစစ်ဆေး

Posted by MOEP (1)

(နေပြည်တော် နိုဝင်ဘာ ၃၊၂၀၀၉ )

  • အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းသည် နိုဝင်ဘာ ၂ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်း ရွှေကျင်မြို့၏ အရှေ့မြောက်ဘက် ခြောက်မိုင်ခန့်အကွာ ကျောက်နဂါး ကျေးရွာအနီး၌ အမှတ်(၄)တည်ဆောက်ရေးက အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော ရွှေကျင်ရေလှောင်တမံ စီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီးရှုရပ်မှ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးသည်။
  • ထို့နောက် စီမံကိန်းညွှန်ကြားရေးမှူးက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက် နေမှုများ၊ အဓိကပံ့ပိုး ပစ္စည်းများရရှိမှုနှင့် ပြည်ပမှပစ္စည်းများရောက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက် ရှင်းလင်းတင်ပြရာ ၀န်ကြီးကလိုအပ်သည်များကို ဖြည့်ဆည်းပေး၍ လုပ်ငန်းတစ်ခုချင်းအလိုက် သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရေး မှာကြားသည်။
  • ယင်းနောက် ၀န်ကြီးသည် Ogee & Bidge လုပ်ငန်းပိုင်း၊ Chute Protion လုပ်ငန်းပိုင်းနှင့် Stilling Basin လုပ်ငန်းပိုင်းများ ဆောင်ရွက်ထားရှိမှု၊ ပင်မတမံ မြေဖို့ခြင်းလုပ်ငန်းများကို စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်နေမှု၊ ရေယူအဆောက်အအုံ Gate တံခါးများ တပ်ဆင်နေမှု၊ မြစ်ရေလွှဲထားမှုနှင့်တမံမြေကြီး ကျောက်သားဖို့ခြင်း လုပ်ငန်းပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

Print this post
Next previous home