တရုတ်နိုင်ငံမှ ဧည့်သည်အဖွဲ့  တွေ့ ဆုံဆွေးနွေး

Posted by MOEP (1)

(နေပြည်တော်၊ စက်တင်ဘာ ၂၂၊၂၀၀၉)

  • ကချင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း၊ အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးချုပ် သိန်းဇော်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ် တင်နိုင်သိန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Power Investment Corporation (CPI) မှ Vice President Mme. Zhang Xiaolu နှင့်အဖွဲ့ဝင်များသည် စက်တင်ဘာ ၁၉ရက် မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မလိခရိပ်သာခန်းမ၌ ဧရာဝတီ၊ မေခ-မလိခ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းစည်းဝေး ကြသည်။
  • အစည်းအဝေးတွင် တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီးဝန်ကြီးဗိုလ်မှူးကြီး ဇော်မင်းက ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် China Power Investment Corporation (CPI) မှ Vice President က ရေအားလျှပ်စစ်စီမံကိန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များနှင့် စတင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
  • ယင်းနောက် ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်နှင့် ၀န်ကြီး ဗိုလ်မှူးချုပ်တင်နိုင်သိန်းတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ပေးမည့်လုပ်ငန်းကို ရှင်းလင်းပြောကြားကြကာ ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းက ဖြည့်စွက်ရှင်းလင်းပြီး တိုင်းမှူးဗိုလ်ချုပ်စိုးဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
  • ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းအား China Power Investment Corporation (CPI) မှ Vice President နှင့်အဖွဲ့သည် ယင်းနေ့ ညနေပိုင်းတွင် မလိခရိပ်သာ ဧည့်ခန်းမ၌ ထပ်မံတွေ့ဆုံပြီး ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
  • ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း၊ ၀န်ကြီးဗိုလ်မှူးချုပ်သိန်းဇော်နှင့် ၀န်ကြီး ဗိုလ်မှူးချုပ် တင်နိုင်သိန်း တို့သည် စက်တင်ဘာ၂၀ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ မြို့မိမြို့ဖများ၊ ကုန်သည်ကြီးများ၊ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ကျေးရွာ၊ ရပ်ကွက်ဥက္ကဋ္ဌများအား တွေ့ဆုံသည်။
  • ယင်းနောက် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် ၀န်ကြီးများ၊ China Power Investment Corporation (CPI)မှ တာဝန်ရှိသူများသည် စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ အမှတ်(၅) တည်ဆောက်ရေး ညွှန်ကြားရေးမှူး ဦးစိုးနိုင်က စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် အကြို အင်ဂျင်နီယာ လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြ၍ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇော်က ဖြည့်စွက်ရှင်းလင်း တင်ပြပြီး တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် ၀န်ကြီးဗိုလ်မှူးကြီး ဇော်မင်းတို့က လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးကြသည်။
  • ထိုမှတစ်ဆင့် တိုင်းမှူးနှင့် ၀န်ကြီးများသည် ဧရာဝတီမြစ်ဆုံအနီး တန်ဖဲရွာ၌ဒေသခံ ပြည်သူ များအားတွေ့ဆုံပြီး အ၀တ်အထည်များ၊ ဆန်၊ ဆီ၊ ဆားများကိုပေးအပ်လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။

Print this post
Next previous home