အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းအား ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီးတွေ့ဆုံ

Posted by MOEP (1)

(နေပြည်တော် သြဂုတ် ၂၇၊၂၀၀၉)

  • အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းအား ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Chu Chong Phungသည် သြဂုတ် ၂၆ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။
  • ယင်းနောက် ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းအား EGAT International Company Limited မှ Acting Managing Director Mr. Prutichai Chonglertvanichkul? Sinohydro (Thailand) Co.,Ltd မှ Managing Director Mr. Zhang Lei နှင့်အဖွဲ့တို့ ဆက်လက်တွေ့ဆုံကြပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေး ကြသည်။
  • ထိုသို့ တွေ့ဆုံကြရာတွင် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမျိုးမြင့်၊ ၀န်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

Print this post
Next previous home