နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ဘီလူးချောင်း အမှတ်(၃) ရေအားလျှပ်စစ်စီမံကိန်း ကြည့်ရှုစစ်ဆေး

Posted by MOEP (1)

(နေပြည်တော် ဖေဖော်ဝါရီလ ၁၃)

* ကယားပြည်နယ် လွိုင်ကော်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် လွိုင်ကော်မြို့၏ အရှေ့တောင်ဘက် (၁၆)မိုင်ခန့် အကွာ၌ တည်ဆောက်လျက်ရှိသော အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဘီလူးချောင် အမှတ်(၃) ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူ များအား မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်...click ပါ


* နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ် မင်းအောင်လှိုင်၊ ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ရာပြည့်၊ အစိုးရအဖွဲ့ အဖွဲ့ဝင် ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ ကယား ပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဝင်းမြင့် ၊ အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် လွိုင်ကော်မြို့မှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာလာပြီး နံနက် ၁၀ နာရီခွဲတွင် လောပိတကျေးရွာသို့ ရောက်ရှိရာ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုကြသည်။

လုပ်ငန်းခွင်

* ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ဘီလူးချောင်း အမှတ်(၃)ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိကြရာ ရှင်းလင်းဆောင်၌ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းက ဘီလူးချောင်း ရေအားလျှပ်စစ် စီမံကိန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေနှင့် ယခုဆောင်ရွက်လျက်ရှိသည့် ဘီလူးချောင်အမှတ်(၃) ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြ

* ဆက်လက်၍ အနာဂတ်စွမ်းအားကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာက ဘီလူးချောင်း(၃) ရေအားလျှပ်စစ်စီမံကိန်း၏ အဓိကလုပ်ငန်း(၆)ရပ်၏ လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ လုပ်ငန်းခွင်အတွင်း အသုံးပြုလျက်ရှိသည့် စက်ယန္တရားများ အခြေအနေနှင့် ၀န်ထမ်း အင်အား အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

စံချိန်စံညွှန်း

* ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော် ၀န်ကြီးချုပ်က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ကိုင်ရမည့် လုပ်ငန်းပမာဏများအလိုက် စံချိန်စံညွှန်းမီစွာ လုပ်ကိုင်ရေး၊ သတ်မှတ် ချိန်ကာလထက်စော၍ ပြီးစီးရန် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း လုပ်ငန်းများလုပ်ကိုင်ရေးအတွက် လိုအပ်သည့် စက်ယန္တရားများနှင့် ပစ္စည်းများ ပြည့်ပြည့်စုံစုံ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ကြည့်ရှုစစ်ဆေး

* ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် ရှင်းလင်းဆောင်အနီး ခင်းကျင်းပြသထားသည့် ရေသွယ်ဥမင်လိုဏ် တူးမည့် လမ်းကြောင်းတစ်လျှောက်ရှိ ကျောက်သားများ၏ အခြေအနေကို သိရှိနိုင်ရန် စိန်လွန်ဖြင့် တွင်းတူးစမ်းသပ်ဖော်ထုတ်ထားသည့် ကျောက်သားနမူနာများကို ကြည့်ရှုစစ်ဆေးသည်။

* ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရေသွယ်ဥမင်လိုဏ်နှင့် ဆက်သွယ်မည့် ချဉ်းကပ် ဥမင်အမှတ်(၂)တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး ရေသွယ်ဥမင်လိုဏ်အပြင်နံရံများအား Shot Crete ကွန်ကရစ်လောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ဖြန့်ဖြူးပေးနိုင်

* အဆိုပါ ဘီလူးချောင်းအမှတ်(၃)ရေအားလျှပ်စစ်စီမံကိန်းသည် လွိုင်ကော်မြို့၏ အရှေ့ တောင်ဘက် ၁၆ မိုင်ခန့်အကွာ ဘီလူးချောင်းနှင့် ပွန်ချောင်းတို့ ဆုံသည့်နေရာတွင် တည်ရှိပြီး သံကူကွန်ကရစ် Ogee ပုံသဏ္ဍာန် ရေလွှဲဆည်၊ ရေသွယ်ဥမင်လိုဏ် အမျိုးအစားဖြစ်သည်။ စီမံကိန်း၏ ဓာတ်အားပေးစက်ရုံတည်ဆောက်ပြီးစီးပါက ၂၄ မဂ္ဂါဝပ်ရှိ တပ်ဆင်စက်အင်အား နှစ်လုံးဖြင့် လျှပ်စစ်ဓာတ်အား တစ်နှစ်ပျမ်းမျှ ၃၄၄ ကီလိုဝပ်နာရီသန်းပေါင်း ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

* ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘီလူးချောင်းအမှတ်(၂)လျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိကြရာ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးကြည်သာနှင့် ၀န်ထမ်းများက ကြိုဆိုကြသည်။

မှာကြား

* ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် စက်ရုံထိန်းချုပ်ခန်းအတွင်း ဓာတ်အားစက်များဖြင့် စဉ်ဆက်မပြတ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေမှုနှင့် စက်ခန်းအတွင်း တာဘိုင်ဂျင်နရေတာများ လည်ပတ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။




Print this post
Next previous home