တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း ကြည့်ရှုစစ်ဆေး

Posted by MOEP (1)

(နေပြည်တော် ဖေဖော်ဝါရီ ၁၄၊ ၂၀၀၉ ခုနှစ်)

* အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းသည် ဖေဖော်ဝါရီလ ၁၀ ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာ တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံအနီးရှိ ရှမ်းရိုးမနဂါးကုမ္ပဏီလီမိတက်၏ တီကျစ် ကျောက်မီးသွေး မိုင်းလုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးသည်။


* ထိုမှတစ်ဆင့် ၀န်ကြီးသည် တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ ရှင်းလင်းဆောင်ခန်းမ၌ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို မှာကြား ဖြည့်ဆည်းပေးသည်။


* ထို့နောက် ၀န်ကြီးသည် စက်ရုံအတွင်းရှိ ဓာတ်အားထိန်းချုပ်ခန်းသို့ ရောက်ရှိပြီး Computer System ဖြင့် ဓာတ်အားပို့လွှတ်မှုနှင့် ဓာတ်အားထိန်းချုပ်ထားရှိမှုတို့ကိုလည်းကောင်း၊ အမှတ်(၁) Turbine စက်ပြုပြင်ထားရှိမှု အခြေအနေနှင့် အမှတ်(၂) Turbine စက်မောင်းနှင်နေမှုအခြေအနေတို့ကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


* ယင်းနောက် ၀န်ကြီးသည် Boiler စက် အမှတ်(၁)၊ အမှတ်(၂)နှင့် ကျောက်မီးသွေးသိုလှောင် ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


* အဆိုပါ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံသည် စက်တပ်ဆင် အင်အား (60 MW)ရှိ စက်နှစ်လုံးဖြင့် နှစ်စဉ်ပျမ်းမျှ ကီလိုဝပ်နာရီသန်းပေါင်း ၉၆၀ ခန့် ထုတ်လုပ်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။



Print this post
Next previous home