ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း၏ RCC ပင်မတမံ ကွန်ကရစ် သွန်းလောင်းခြင်း လုပ်ငန်း ပြီးစီး

Posted by MOEP (1)

(နေပြည်တော် ဒီဇင်ဘာ ၁၈)

* မန္တလေးမြို့၏ အရှေ့တောင်ဘက် ၃၁ မိုင်အကွာ ရဲယမန်းကျေးရွာအနီး မြစ်ငယ်မြစ်ပေါ်၌ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန အမှတ်(၂) တည်ဆောက်ရေးက တည်ဆောက် အကောင်အထည်ဖော်လျက်ရှိသည့် ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း၏ RCC ပင်မတမံ ကွန်ကရစ်သွန်းလောင်းခြင်းလုပ်ငန်း အပြီးသတ်ဆောင်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက အဆိုပါ ရဲရွာရေအားလျှပ်စစ်စီမံကိန်း၌ ကျင်းပသည်။

* အခမ်းအနားသို့ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမျိုးမြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Guan Mu နှင့် အဖွဲ့ဝင်များ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

ဆောင်ရွက်
* ရှေးဦးစွာ ဒုတိယ၀န်ကြီး ဦးမျိုးမြင့်နှင့်အ ဖွဲ့ဝင်များသည် RCC ပင်မတမံ ကွန်ကရစ် သွန်းလောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုကြသည်။

* ထို့နောက် ဒုတိယ၀န်ကြီး ဦးမျိုးမြင့်သည် 2.5 ton Vibrating Roller အား မောင်းနှင်၍ RCC ပင်မတမံကွန်ကရစ်သွန်းလောင်းခြင်း လုပ်ငန်းကို အပြီးသတ် ဆောင်ရွက်ပေးသည်။
စီမံကိန်းဖြစ်
* အဆိုပါ ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် RCC ကွန်ကရစ် ပင်မတမံ အလျား ၂၂၆၄ ပေ၊ အမြင့် ၄၃၃ ပေ၊ တမံ RCC ကွန်ကရစ်ထုထည် ၈၇၀၆၇၇ ကျင်း ရှိ၍ စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၇၉၀ ရှိမည့် စီမံကိန်းဖြစ်သည်။

* မြန်မာနိုင်ငံတွင် ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် RCC အမျိုးအစား ကွန်ကရစ်တမံ ဖြစ်ရာ ကမ္ဘာပေါ်တွင် ဆောင်ရွက်ပြီး RCC ကွန်ကရစ်သွန်းလောင်းမှုနှုန်း အမြန်ဆုံးစာရင်းတွင် အမှတ်စဉ် (၉)နေရာ၌ ရပ်တည်သော တမံဖြစ်ကြောင်း သတင်းရရှိသည်။

Print this post
Next previous home