ရေအားလျှပ်စစ် စီမံကိန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများ ရှင်းလင်း

Posted by MOEP (1)

(နေပြည်တော် နိုဝင်ဘာ ၂၁)

* အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းနှင့် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတို့တွင် နေပြည်တော်ရှိ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အမှာစကားပြောကြား
* အစည်းအဝေးတွင် အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းက အမှာစကား ပြောကြားပြီး တည်ဆောက်ရေး ညွှန်ကြားရေးမှူးက ရေအားလျှပ်စစ် စီမံကိန်းများ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို လည်းကောင်း၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံများမှ စက်ရုံမှူးများက ဓာတ်အားထုတ်လုပ်မှုနှင့် စက်စွမ်းအားပြည့် ထုတ်လုပ်မည့် အစီအစဉ်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

အကောင်အထည်ဖော်
* ထိုသို့ ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယ၀န်ကြီး ဦးမျိုးမြင့်၊ ရေအားလျှပ်စစ် အကောင် အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကြည်၊ ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကြည်သာနှင့် ရေအားလျှပ်စစ် စီမံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဘုန်းမြင့်တို့က ဖြည့်စွက် ရှင်းလင်းတင်ပြကြရာ ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းက လိုအပ်ချက်များကို မှာကြားပြီး နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းတွင် အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


Print this post
Next previous home