ဝန်ကြီး ဗိုလ်မှူးကြီးဇော်မင်းအား ပြည်ပမှ ဧည့်အဖွဲ့တွေ့ဆုံ နားလည်မှု စာချွန်လွှာ ရေးထိုးပွဲကျင်းပ

Posted by MOEP (1)

(နေပြည်တော် အောက်တိုဘာ ၁၁)

* အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းအား ထိုင်းနိုင်ငံ Italian-Thai Development Public Co., Ltd., မှ President, Mr.Premchai Karnasuta နှင့် စင်ကာပူ British Virgin Island မှ Wind Fall Energy Services Limited Director, Mr.Chua Chay Jin နှင့် အဖွဲ့ဝင် များသည် အောက်တိုဘာ ၉ ရက် ညနေပိုင်းက နေပြည်တော်ရှိ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံကြသည်။
* ထို့နောက် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာနနှင့် ထိုင်းနိုင်ငံ Italian-Thai Development Public Co., Ltd., ၊ စင်ကာပူ British Virgin Island မှ Wind Fall Energy Services Limited Director, Mr.Chua Chay Jin တို့ ပူးပေါင်း ဆောင်ရွက်ကြမည့် တနင်္သာရီ ရေအားလျှပ်စစ်စီမံကိန်းအတွက် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက် ကျင်းပသည်။

နှုတ်ခွန်းဆက်
* အစီအစဉ်အရ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်၍ ထိုင်းနိုင်ငံ Italian-Thai Development Public Co., Ltd., မှ President, Mr.Premchai Karnasuta က ဆောင်ရွက်မည့် ရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
* ယင်းနောက် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ထိုင်းနိုင်ငံ Italian-Thai Development Public Co., Ltd., မှ President, Mr.Premchai Karnasuta က နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုးကြသည်။


Print this post
Next previous home