ချီဗွေငယ် ရေအားလျှပ်စစ် စီမံကိန်း ကန်ထရိုက် စာချုပ် ချုပ်ဆိုပွဲ

Posted by MOEP (1)

အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး ချီဗွေငယ် ရေအားလျှပ်စစ် စီမံကိန်း ကန်ထရိုက် စာချုပ် ချုပ်ဆိုပွဲ တက်ရောက်ချီးမြှင့်
(နေပြည်တော် ဖေဖော်ဝါရီ ၂၇)

* နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွင့်ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး သည် ယနေ့မွန်းလွဲ (၁)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွင့်ဖြိုးရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ချီဗွေငယ် ရေအားလျှပ်စစ် စီမံကိန်း ကန်ထရိုက် စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။

* အဆိုပါ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားသို့ အမှတ်(၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း၊ အမှတ်(၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ် ခင်မောင်မြင့်၊ အမှတ်(၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးမျိုးမြင့်၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွင့်ဖြိုးရေးကောင်စီရုံး ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးကျော်ကျော်ဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး တရုတ်ပြည့်သူ့သမ္မတနိုင်ငံ National Development and Reform Commission (NDRC) မှ Director General Mr. Kong Ling Long ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ ပြည်ထောင်စု မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ကွမ်မု လည်းတက်ရောက်သည်။

* ရှေးဦးစွာ အမှတ်(၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဥိးအောင်ကိုးရွှေနှင့် China Power Investment Corporation (CPI) မှ Vice President Mdm, Zhang Xiaolu တို့သည် ချီဗွေငယ် ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ခြင်းဆိုင်ရာ ကန်ထရိုက် စာချုပ်ကို လက်မှတ်ရေးထိုးကြပြီး စာချုပ်များကို အပြအလှန် လဲလှယ်ကြသည်။

* ထို့နောက် အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ NDRC မှ Director General Mr. Kong Ling Long ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


Print this post
Next previous home