ဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်း ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း ကြည့်ရှုစစ်ဆေး

Posted by MOEP (1)


* အမှတ်(၁) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းသည် ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့ အရှေ့ တောင်ဘက် ၃၁ မိုင်အကွာ ရဲ-ယမန်း ရွာအနီး မြစ်ငယ်မြစ်ပေါ်၌ တည်ဆောက် အကောင် အထည် ဖော်လျက် ရှိသော ရဲရွာ ရေအား လျှပ်စစ် စီမံကိန်းသို့ ရောက်ရှိရာ ဝန်ကြီးအား ရှင်းလင်းဆောင်၌ တည်ဆောက်ရေး (၂) ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ စက်ပစ္စည်းများ ရောက်ရှိမှုနှင့် စီမံကိန်းသို့ သယ်ယူရန် စီစဉ် ဆောင်ရွက်ထားမှုတို့ကို ရှင်းလင်းတင်ပြရာ ဝန်ကြီးက သတ်မှတ်ကာလအတွင်း ပြီးစီးရမည့် လုပ်ငန်းများကို အပိုင်းလိုက် ပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားပြီး စီမံကိန်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်။

* ထို့နောက် ဝန်ကြီးသည် Penstock Pipe များ တတ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ကွန်ကရစ် လုပ်ငန်း ဆောင်ရွက်နေမှု၊ ကွန်ကရစ် လုပ်ငန်း ဆောင်ရွက်နေမှု၊ RCC သွန်းလောင်းနေမှု၊ RCC Dam ပေါ်၌ CVC ကွန်ကရစ်လောင်း၍ Flit Bucket နှင့် Spillway တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


* ဆက်လက်၍ ဝန်ကြီးသည် တမံ၏ ဥမင်အတွင်းသို့ ဝင်ရောက်ပြီး Bottom Outlet Gate Chamber များ တတ်ဆင်ရန် လုပ်ငန်းဆောင်ရွက်မှု၊ EL 85 ရှုရပ်မှနေ၍ ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း၊ ဓာတ်အားပေး စက်ရုံ၏ Unit 1, Unit 2, Unit 3 တို့၌ Machine Bay ကွန်ကရစ်သွန်းလောင်းခြင်း လုပ်ငန်း၊ ဓာတ်အားပေးစက်ရုံ ရေထုတ်မြောင်း၊ မြေကြီးကျောက်သား တူးဖော်ခြင်း လုပ်ငန်း၊ သံမဏိပိုက်လိုင်းများ ထုတ်လုပ်နေသော အလုပ်ရုံ၊ ဓာတ်အားပေးစက်ရုံ၌ အသုံးပြုမည့် အုတ်ဘလောက်တုံးစက်ရုံ စမ်းသပ် ထုတ်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။


* ထို့နောက် ဝန်ကြီးသည် ရှင်းလင်းဆောင်၌ စီမံကိန်းတွင် တာဝန်ထမ်းဆောင်နေကြသော အင်ဂျင်နီယာများနှင့် ဝန်ထမ်းများအား တွေ့ဆုံဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးသည်။


* ရဲရွာရေအား လျှပ်စစ် စီမံကိန်း ပြီးစီးပါက စက်တတ်ဆင်အင်အား ၇၉၀ မဂ္ဂါဝပ်မှ နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၃၅၅၀ သန်းခန့် ထုတ်လုပ့်ဖြန့်ဖြူးပေးမည့် စီမံကိန်း ဖြစ်ပါသည်။


Print this post
Next previous home