ဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်း အထက် ကျိုင်းတောင်း ရေအား လျှပ်စစ် စီမံကိန်းသို့ ကြည့်ရှုစစ်ဆေး

Posted by MOEP (1)

* အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းသည် တာဝန်ရှိသူတို့လိုက်ပါလျက် ဇန်န၀ါရီ (၁၃) ရက်နံနက်ပိုင်းတွင် နမ့်စန် ဓာတ်အားခွဲရုံ စီမံကိန်းသို့ရောက်ရှိပြီး ဓာတ်အားလိုင်း သွယ်တန်းရေးလုပ်ငန်း ဆောင်ရွက်နေသော ၀န်ထမ်းများအား တွေ့ဆုံ၍ တာဝန်ရှိသူတို့၏ ရှင်းလင်း တင်ပြမှုအပေါ် ၀န်ကြီးက လုပ်ငန်းဆောင်ရွက်ရမှုအခက်အခဲနှင့် လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ သတ်မှတ်ကာလ အတွင်း ပြီးစီးအောင် ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားသည်။

* ၀န်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်းသို့ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ အထက်ကျိုင်းတောင်း စီမံကိန်း၏ လုပ်ငန်းများနှင့် စပ်လျဉ့်း၍ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြရာ ၀န်ကြီးက ပွင့်လင်းရာသီတွင် ဆောင်ရွက်မည့် အစီအစဉ်များကို အသေးစိတ်မှာကြားပြီး ရှုရပ်မှ စီမံကိန်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။

* ဆက်လက်၍ ၀န်ကြီးသည် လုပ်ငန်းခွင်အတွင်း တမံနေရာ၏ အောက်ပိုင်းနေရာ၊ ရေတံခွန်နေရာ၊ ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ရွေးချုယ်ထားသော နေရာတို့သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

* အထက်ကျိုင်းတောင်း စီမံကိန်းသည် မိုးနှဲခရိုင်၊ ကျိုင်းတောင်းမြို့နယ်၏ အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာ နမ့်တိန်ချောင်းပေါ်တွင် တည်ရှိ၍ စက်တတ်ဆင်အင်အား ၅၂.၅ မဂ္ဂါဝပ် ရှိမည်ဖြစ်ပြီး ယခုနှစ်မှ စတင်တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်း ဖြစ်ကြောင်း သိရှိရသည်။


Print this post
Next previous home