ရဲရွာရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

Posted by MOEP (1)

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မြို့ကြီးရေလှောင်တမံနှင့်
ရဲရွာရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းများ ကြည့်ရှုစစ်ဆေး




* နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်တွင် အကောင်အထည်ဖော်လျက် ရှိသည့် မြို့ကြီးရေလှောင်တမံ ဘက်စုံစီမံကိန်း လုပ်ငန်းနှင့် မန္တလေးတိုင်း၊ မန္တလေးမြို့၏ အရှေ့တောင်ဘက် ရဲ-ယမန်းကျေးရွာအနီးတွင် အကောင်အထည်ဖော်လျက်ရှိသည့် ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းများကို ဒီဇင်ဘာ (၁၁)ရက်တွင် လှည့်လည်သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

* ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မြို့ကြီးရေလှောင်တမံ ဘက်စုံစီမံကိန်းမှ ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းသို့ ရဟတ်ယာဉ်များဖြင့်ရောက်ရှိကြသည်။ ရှေးဦးစွာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့်အဖွဲ့ဝင်များအား စီမံကိန်းရှင်းလင်းဆောင်တွင် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းက ရှင်းလင်းတင်ပြရာ ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများကို ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန အမှတ် (၂)တည်ဆောက်ရေးက တာဝန်ယူ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြစ်ငယ်မြစ်ပေါ်တွင် ရေလှောင်တမံ ၂၂၆၄ ပေ၊ အမြင့် ၄၃၃ ပေရှိ ကွန်ကရစ်တမံ ကို တည်ဆောက်လျက်ရှိပါကြေင်း၊ ရဲရွာရေအားလျှပ်စစ် စီမံကိန်းမှာ တတ်ဆင်စက်အင်အားမဂ္ဂါဝပ် ၇၉၀ ရှိမည့် စီမံကိန်းဖြစ်ပြီး၊ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓါတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၃၅၅၀ ထုတ်လုပ်ပေးသွားနိုင်မည် ဖြစ်ပါကြောင်း ပဏာမရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ၀န်ကြီးဗိုလ်မှူးကြီးဇော်မင်းက ရေလွှဲဥမင်လိုဏ်လုပ်ငန်းများနှင့် ချဉ်းကပ်ဥမင်လိုဏ် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ရေယူအဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းများ၊ ပင်မတမံ တည်ဆောက်ခြင်း လုပ်ငန်းများ၊ ရေပိုလွှဲ တည်ဆောက်ခြင်း လုပ်ငန်းများ၊ တမံအတွင်းပိုင်း ဖိအားမြင့် သံမဏိ ပိုက်လိုင်း တတ်ဆင်ခြင်း လုပ်ငန်းများ၊ ဓါတ်အားပေးစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများနှင့် လုပ်ငန်းအလိုက် ပြီးစီးမှု အခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြသည်။

* ယင်းနောက် အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးမြင့်က ရဲရွာ ရေအား လျှပ်စစ်စီမံကိန်း၏ ပင်မကွန်ကရစ်တမံ၊ ဖိအားမြင့် သံမဏိ ပိုက်လိုင်း တပ်ဆင်ခြင်း လုပ်ငန်းနှင့် ဓါတ်အားပေး စက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများနှင့် လုပ်ငန်းများတွင် အရည်အသွေး မြင့်မားရေး အတွက် သပ္ပံနည်းကျ စနစ်တကျ စစ်ဆေးဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

* ဆက်လက်၍ ဒုတိယ ဝန်ကြီး ဦးမျိုးမြင့်က ရဲရွာ ရေအား လျှပ်စစ်စီမံကိန်း၏ အထက်မြစ်ငယ် မြစ်ရိုး တလျှောက် ရေအားလျှပ်စစ် အရင်းအမြစ်များ ဖော်ထုတ် နိုင်ရေးအတွက် စူးစမ်းရှာဖွေ ဆောင်ရွက် ကြရန် ဟူသည့် ဗိုလ်ချုပ်မှူးကြီး၏ လမ်းညွှန်ချက်နှင့်အညီ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့တောင်ဘက် ၃၂ မိုင်ခန့် အကွာ ရေတွင်းကြီးကျေးရွာအနီးရှိ နမ္မတူမြစ် (မြစ်ငယ်မြစ်) ပေါ်၌ ဆောင်ရွက်နိုင်မည့် ပြောင်လျှိုရေအားလျှပ်စစ်စီမံကိန်း ဆိုင်ရာ အချက်အလက်များ၊ စူးစမ်းလေ့လာမှုများနှင့် တွေ့ရှိချက်များ၊ စီမံကိန်းအကောင်အထည်ဖော်ရန် ကြတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

Print this post
Next previous home