ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓါတ်အားပေး စက်ရုံ (တီကျစ်)* ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓါတ်အားပေး စက်ရုံ (တီကျစ်)သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်တရားမြို့နယ်ခွဲ ပြင်သာရွာအနီးတွင် တည်ရှိပါသည်။ ၂၀၀၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး၊ (၁၂.၄၂၀၀၅)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ ကုန်ကျငွေ စုစုပေါင်းမှာ ပြည်တွင်းငွေ(ကျပ်) (၁၅၁၁၅.၁၈) သန်း နှင့် နိုင်ငံခြားငွေ(အမေရိကန် ဒေါ်လာ) (၄၂.၉၃၆) သန်း ဖြစ်ပါသည်။ စက်တတ်ဆင် စွမ်းအားမှာ (၁၂၀)မ၀္ဂါဝပ် ဖြစ်ပြီး၊ နှစ်စဉ် ကီလိုဝပ် နာရီသန်းပေါင်း (၉၆၀)ခန့်ထုတ်လုပ် လျက်ရှိပါသည်။
